{4} Like K Drama

4.4K 392 8
                                    

Unicode ver

Gashina

Episode - 4

ညနေ ငါးနာရီထိုးကာနီးပြီဖြစ်တာကြောင့် JiSoo တစ်ယောက်
မျက်စောင်းထိုး လမ်းမဘက်ကိုမြင်နေရတဲ့ ထိုင်ခုံလေးနား
သွားထိုင်လိုက်သည်။

" Arrr ထွက်လာပြီ ...."

ခွေးညိုညိုလေးနဲ့ အလုပ်ရှုပ်နေတဲ့ကောင်မလေးတစ်ယောက်
အမြဲစူပုတ်နေတဲ့မျက်နှာပေးနဲ့ ထိုကောင်မလေး...

သူ့ပုံစံက မိမိ မကြိုက်တဲ့ type မျိုးဆိုပေမဲ့
ဘာကဆွဲဆောင်မှုရှိနေမှန်းမသိပေ။

သူမအပြင်ထွက်တိုင်း ဘာရယ်မဟုတ် လှမ်းကြည့်မိရင်းက
နည်းနည်း သဘောကျလာသလိုလို။

အရယ်အပြုံးဆိုတာ သူမနဲ့စတွေ့ဘူးကတည်းက
တစ်ခါလေးမှ မမြင်ဘူးခဲ့ပေ။

ဒါပေမဲ့ သူ့ခွေးလေးနဲ့ အတူရှိနေရင်တော့
သူမ မျက်နှာပေါ်က မာကျောမှုတွေက
အနည်းငယ်ပြေလျော့‌ေနသယောင်ယောင်။

"Unnie...ဘာတွေအဲ့လောက်တောင်
စိတ်ဝင်တစားကြည့်နေတာလဲ"

"ပကျိပကျိ"

"ဘာလဲ ပကျိပကျိ"

JiSoo ခပ်ဟဟ ရယ်လိုက်ရင်း

"ဟိုတစ်ယောက်လေ စူပုတ်ပုတ်နဲ့
ငါသူ့ကို ပကျိပကျိလို့နာမည်ပေးထားတာ "

"ဘယ်သူလဲ ..."

Lisa...Jisoo ကြည့်နေတဲ့ဘက်ကို လှမ်းကြည့်လိုက်ပြီးမှ

"Arrr...Jennie....ငါ့ crush လေး....
ဒီလောက်ချစ်စရာကောင်းတာကို ဘာပကျိပကျိလဲ
ဒါနဲ့ ငါ့ crush လေးကို ဘာလို့ငမ်းနေတာလဲ...Andwe"

"မငမ်းပါဘူး ကြည့်ပဲကြည့်တာ....
နင်က သူ့ကို crush တယ်လဲပြောသေး
ဘာမှ မကြိုးစားဘူးလား..."

"No...ဒီအတိုင်းလေးက ပိုကောင်းပါတယ်
သူနဲ့ရင်းနှီးပေမဲ့ သူသိအောင်တော့ ပေါ်တင်ကြီး
မ crush ချင်ဘူး ကြောက်တယ်...
ဘယ်လိုပြောရမလဲ....မပြောပြတတ်ဘူး...
သူက မလွယ်ကူဘူးလို့ပြောရမလား....
သူနဲ့ရင်းနှီးအောင်တောင်မနည်းလုပ်ထားရတာ။
ပြီးတော့ သူ့မှာ boyfriendကြီးကလဲရှိသေးတယ်
အဲ့ဒါကြောင့် မသိမသာလေးငေးတဲ့အဆင့်ပဲ "

GASHINA (Completed )Where stories live. Discover now