??

4K 351 58
                                    

Gashina

Jennie တစ်ယောက်မွန်းကျပ်စွာဖြင့်နိုးထလာခဲ့သည်။

နံရံပေါ်ကနာရီကိုကြည့်မိတော့
ညနေ ၄နာရီခွဲခန့် ရှိနေပြီဖြစ်၏။

ခုနက ရေချိုးပြီးလို့နာရီကိုလှမ်းကြည့်မိချိန်က
၄နာရီထိုးပြီးကာစ....

Jennie. ..ခုနကအခြေအနေကိုအာရုံစိုက်ကြည့်လိုက်တော့မှ
ရင်ထဲကအပူမီးတွေက နောက်တစ်ကြိမ်ပူလောင်ရန်
အသင့်ဖြစ်နေခဲ့သည်။

"ငါ ခုနက သတိမေ့သွားတာလား
အငိုလွန်ပြီးတော့လေ....JiSoo. ...JiSoo. ..
သူ့ဆီသွားရမယ်...."

ကြမ်းပြင်ပေါ်လဲနေရာကနေ ကုန်းရုန်းပြီးထနေခဲ့ပေမဲ့
အားအင်တွေက ချိနဲ့နေပြီး ဘယ်လိုမှ ထလို့မရနေခဲ့ပေ။

Jennie ရဲ့ပါးပြင်ပေါ် မျက်ရည်တွေက
တလှိမ့်ပြီးတလှိမ့် မနားတမ်းခုန်ဆင်းလာနေတော့၏။

+မိမိချစ်ရသူ လောကကြီးမှာ မရှိတော့ဘူးဆိုသည့်နာကျင်ရသည့် အသိက
ပြောပြချင်းငှာမစွမ်းသာပေ။

ရင်ဘတ်တစ်ခုလုံး စုတ်ပျက်နာကျင်နေပြီး
အသက်ရှူလို့တောင်မဝပေ။ +
.
.
.

"ငါ သူမရှိရင် ဘယ်လိုများအသက်ရှင်ပြီးနေသွားရမှာလဲ"

"JiSoo ya....အဲ့ဒီအစား လွန်ခဲ့တဲ့တစ်ပါတ်ကတည်းက
ငါရှေ့ပေါ်မလာခဲ့ရမှာ....
ငါနဲ့ပြန်ဆက်လို့ နင်သေသွားရတာ....
ဒီလိုမှန်းသိရင် JiSoo ya.....
နင်က ငါ့ကို ရက်ရက်စက်စက် ထပ်ထားခဲ့တာပဲ..."

Jennie တစ်ယောက် ခပ်တိုးတိုးနဲ့
သူ့ကိုရော ကိုယ့်ကိုကိုယ်ပါအပြစ်တင်ရင်း
ရှိုက်ကြီးတငင်ငိုနေလိုက်သည်။
.
.
.

ထိုအချိန်....

အိမ်တံခါးကို တစ်စုံတစ်ယောက်က
password လာဖွင့်နေသည့်အသံကို ကြားလိုက်ရသည်။

တီ တီ တီ.....

"Ommaလား...Omma ကဆေးရုံမှာလေ....
ဒီအိမ် pw ကိုသိတဲ့လူက Jennie ရယ် Omma ရယ်
ပြီးတော့.....

Jennie ရဲ့အတွေးတောင်မဆုံးသေး
တံခါးဖွင့်ပြီး ဝင်လာသူက....

"Jen....ကြမ်းပြင်ပေါ်မှာ ဘာထိုင်လုပ်နေတာလဲ "

GASHINA (Completed )Where stories live. Discover now