{11} Change

3.8K 342 12
                                    


Unicode ver

Gashina

Episode - 11

Jennie...ထူးဆန်းတဲ့ခံစားချက်တစ်ချို့ကြောင့်
အခုချိန်ထိ အိပ်လို့မပျော်နိုင်သေးပေ။

"Boyah...အခုခံစားချက်က...
ထူးဆန်းတယ်....
ဒါနဲ့ဆိုရင် နှစ်ခါတောင်ရှိသွားပြီ သူနဲ့နမ်းမိတာလေ...
တစ်ကယ်ဆိုရင် အဲ့လိုတွေ ခနခန လာလုပ်တတ်တဲ့သူ့ကို
အလုပ်ထုတ်လိုက်သင့်ပြီမဟုတ်လား
ဘာလို့ငါ့အနားမှာ သူ့ကိုဆက်ရှိနေစေချင်နေတာလဲ။
ငါကရော ငါ့မှာ Oppa တစ်ယောက်ရှိနေရက်သားနဲ့
ဘာလို့ kim jisoo ဆိုတဲ့ သူ့ဆီက ဂရုစိုက်တာတွေ
လိုချင်နေရတာလဲ....
သူကရော မလိုအပ်ပဲ ဘာလို့ငါ့ကို ခနခန လာဂရုစိုက်နေရတာလဲ
အထင်မှားစရာဖြစ်အောင်...
ရေသောက်တာကအစ သေးသေးမွှားမွှားလေးတွေအထိ...
အဆိုးဆုံးက သူ့အကြည့်တွေပဲ....
သူ့ရဲ့ရီဝေဝေမျက်လုံးတွေနဲ့လာကြည့်ရင်
နေစရာနေရာမရှိအောင်ကို အနေခက်ပြီး
ခနခနမျက်နှာတောင်လွှဲမိလိုက်သေးသည်။

Molla...ဒီလို ဝေခွဲရခက်တဲ့ခံစားချက်က
Oppa နဲ့ငါ အနေဝေးနေလို့ဖြစ်မှာပါ။

နောက်ရက် Oppaကို မိမိရှိရာ Thai နိုင်ငံကိုလာခဲ့ခိုင်းဖို့
ဆုံးဖြတ်လိုက်သည်။

Next day...

Jennie...မနေ့ညက ဝေဝါးတဲ့ခံစားချက်တွေကြောင့်
နောက်ကျမှအိပ်ဖြစ်ခဲ့သည်။

အိပ်ရေးမဝတာကြောင့် မနက်စောစောကို
လူက နုံးချည့်နေလေသည်။

ဒီအချိန် နို့ Coffee လေးတစ်ခွက်သာ သောက်လိုက်ရရင်
လန်းဆန်းသွားမှာပဲ....

.
.
.

JiSoo Coffee တစ်ခွက်ကို ကောင်းကောင်းလေးဖျော်ပြီး
သူမရဲ့ ရုံးခန်းထဲဝင်သွားလိုက်သည်။

"Boyah...သူ ငါ့ရုံးခန်းထဲဘာလာလုပ်တာလဲ"

Jennie...သူ့ကိုရင်မဆိုင်ချင်သေးပေ။
နစ်နာသူက မိမိဆိုပေမဲ့လဲ...အမှန်အတိုင်းပြောရလျှင်
လူမှားသွားလို့ဆိုတဲ့ သူ့စကားသံကိုမကြားချင်သေးပေ။
တစ်ကယ်ပဲလူမှားသွားတာလား...ဘာကြောင့်လဲ...??

တစ်ကယ်လူမှားသွားတာဆိုရင် Chaeng နဲ့ သူနဲ့
ဆက်ဆံရေးက ဘယလိုမျိုးလဲ...??

GASHINA (Completed )Where stories live. Discover now