Pray for JiSoo

4.4K 414 40
                                    

Unicode ver
.
.
.
.

Gashina

Jennie.. မသိလိုက်ခင်မှာပဲ စီးကျလာတဲ့
ပါးပေါ်က မျက်ရည်တစ်ပေါက်ကို
လက်ဖမိုးနဲ့ သုတ်လိုက်ပြီးနောက်
ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ပေးလိုက်သည်။

ရက်စက်တတ်တဲ့နှလုံးသားမရှိတဲ့ Jennieအတွက်တော့

သနားကမားနဲ့ နောက်မှာကျန်နေခဲ့တဲ့သူက
Jennieရဲ့
အကြီးကျယ်ဆုံးအားနည်းချက်လို့ဆိုရလေမလား။

လွန်ခဲ့တဲ့တစ်ပါတ်
သူ့ကိုတွေ့လိုက်တာနဲ့ အမှတ်မရှိခုန်နေခဲ့တဲ့
ရင်ခုန်သံတွေက
သူ့ကိုမမေ့နိုင်သေးတဲ့အပြင်
သူ့ကိုချစ်တဲ့ အချစ်တွေကလဲ အခုချိန်ထိ
လတ်ဆတ်နေသေးကြောင်းသိလိုက်ရသေးသည်။

Jennie...မနေနိုင်မထိုင်နိုင်နဲ့ပဲ
ဘယ်တော့မှ မသွားကြည့်ဖို့ ဆုံးဖြတ်ထားတဲ့
သူ့အိမ်ရှေ့ဆီရောက်ခဲ့ပေမဲ့....
သူ့ကိုမတွေ့တဲ့အပြင် သူ့အိမ်ကလဲ
လူတစ်ယောက်မှ မရှိသည့်အလား
ခြောက်ကပ်နေခဲ့သည်။

.
.
.
.
.

Lock ပါတစ်ခါတည်းဖွင့်ပေးထားတာကြောင့်
သူက ကားရပ်လိုက်တာနဲ့
အပြေးလေးရောက်လာပြီး ဘေးခုံမှာ
ချက်ချင်းဝင်ထိုင်နေလေတော့၏။

Jennieကားလေးကို ညင်သာစွာမောင်းထွက်လာခဲ့လိုက်သည်။

သူမက အရင်က သူ့ပုံစံနဲ့မတူ
တိတ်ဆိတ်စွာ လိုက်ပါလာတာကြောင့်
Jennie ဘက်ကပဲစကားစလိုက်သည်။

"နင့်အိမ်ကိုပဲ ပို့ပေးရမှာလား "

"Arrni...ငါ့မှာ အိမ်မရှိဘူး "

" အခုမှ ရုတ်တရက်ကြီး...
ဘာ အိမ်မရှိဘူးလဲ...မနေ့ကအထိ ဘယ်မှာနေနေတာလဲ"

"ဒီလိုပဲလျှောက်သွားနေခဲ့တာ....
နင့်အိမ်လိုက်ခဲ့မယ်လေ.. ငါ့ကိုခေါ်ထားပေးလို့..."

သူ့စကားတောင်မဆုံးသေး
Jennie တခါတည်း ငြင်းပြစ်လိုက်သည်။

"အန်ဒွယ်မရဘူး... နင် ဒီလောက်ပဲမျက်နှာရူးတော့
ငါက အရင်တုန်းက နင်ပေါက်ကရပြောတိုင်း
သဘောကျတတ်တဲ့ကောင်မလေးမဟုတ်တော့ဘူး"

"တကယ်ပြောနေတာပါ....
ဒီနေ့တစ်ရက်ပဲဖြစ်ဖြစ် နင့်အိမ်လိုက်ခဲ့မယ်လေ
တကယ်နေစရာမရှိလို့ပါ....'

GASHINA (Completed )Where stories live. Discover now