{12} Third Kiss(deep kiss)

5.6K 414 71
                                    


Unicode  ver

Gashina

Episode - 12

JiSoo...ရည်းစားရှိနေတဲ့ သူမကို လက်လွှတ်ချင်လာသည်။

ကိုယ်သူမကိုသဘောကျနေမှန်း သူမရိပ်မိသင့်နေပြီဆိုပေမဲ့
နည်းနည်းလေးမှတောင် အသိအမှတ်မပြုခံခဲ့ရဘူးမလား။

ဒါပေမဲ့လည်း မိမိနဲ့ သူမ နှစ်ကြိမ်တိုင်အောင်
ဘာမှမဆိုင်သေးတဲ့အခြေအနေတစ်ခုမှာပဲ
နမ်းဖူးခဲ့ကြပြီပဲ။

သူမကနားလည်ရခက်သည်။

ထိုအနမ်းတွေကို အသိအမှတ်ပြုတာလား
မပြုတာလား...??
ဘာပြသနာမှတော့မဖြစ်လာပေမဲ့...
သူမရဲ့ ခပ်စိမ်းစိမ်း စကားအသံတွေက
ခံရခက်လွန်းလှသည်။

ပြီးတော့ သူ့ Boyfriend နဲ့ ph ပြောနေရင်မျက်နှာလေးက
ပြုံးလို့....

JiSoo...သူမ သူ့ Boyfriend နဲ့စကားပြောနေရင်
သေလောက်အောင်မုန်းသည်။
ဘာလို့များ အဲ့ဒီနေရာမှာ ငါမဖြစ်ရတာလဲ...
ဘာလို့ သူမနဲ့စောစောမတွေ့မိခဲ့တာလဲဆိုပြီး
ကံကြမ္မာ ကိုသာ အပြစ်တင်မိနေသည်။

အခုလည်း မ‌ေန့ က Chaeng နဲ့လူမှားတာမဟုတ်ကြောင်း
ပြောပြပြီး မိမိရဲ့အချစ်တွေကို ဝန်ခံဖို့ သွားလိုက်ပေမဲ့
* Oppa အရမ်းလွမ်းနေခဲ့တာတဲ့လား...*

JiSoo မိမိပြောမဲ့ စကားတွေကို မြိုသိပ်လိုက်ကာ
သူမရဲ့ ရုံးခန်းထဲကနေ ထွက်လာပြီးနောက်
သူမနဲ့ဝေးရာမှာနေဖို့ပဲဆုံးဖြတ်လိုက်သည်။

Meeting မှာ အရင်ကဆိုရင် သူမအနား
နီးနီးကပ်ကပ်သွားထိုင်တတ်ပြီး မေးစရာရှိတာမေးတတ်ပေမဲ့
အခုတော့ Chaeng လဲရှိနေပြီး Chaeng က
အကုန်ရှင်းပြနေတာကြောင့် Chaeng နဲ့ပဲ နီးနီးကပ်ကပ်ထိုင်နေလိုက်သည်။

သူမနဲ့နီးစပ်ရတာက သိပ်ကိုနာကျင်လွန်းသည်မလား။

ပြီးတော့ တခြားလူတွေနဲ့ပဲ ရင်းရင်းနှီးနှီး နေလိုက်တော့သည်။

မနက်တိုင်း သူမအတွက် Coffee တစ်ခွက်ဖျော်ပေးပြီး ယူသွားပေးနေကျဆိုပေမဲ့
နောက်ရက်ကစပြီး တခြားသူကိုပဲသွားပေးခိုင်းလိုက်ကာ
သူမနဲ့မျက်နှာချင်းမဆိုင်တော့ပဲ
တတ်နိုင်သမျှဝေးသထက်ဝေးအောင်နေလိုက်တော့သည်။

GASHINA (Completed )Where stories live. Discover now