{2} ပကျိပကျိ

5.6K 419 4
                                    


Unicode version

Gashina

Episode-2

Jennieတစ်ယောက်  Korea အမိမြေကနေ
ယခုလက်ရှိနေထိုင်ရာ Thai နိုင်ငံသို့ ပြန်လာနေသည့် လေယာဉ်ပေါ်တွင် ဖြစ်လေသည်။

Jennie အထူးတန်းက လက္မှတ်မရတာကြောင့်
ရိုးရိုးတန်းကနေပဲလိုက်ပါလာခဲ့လိုက်သည်။

ရိုးရိုးတန်းဆိုသည့်အတိုင်း ဘေးမှာ
မသိတဲ့ လူတစ်ယောက်နှင့်အတူထိုင်ရမည်ဖြစ်လေသည်။

ဘေးမှာ လူရှိတာမကြိုက်တတ်ပေမဲ့ မတတ်နိုင်။
အရေးကြီးနေတာကြောင့်
အထူးတန်းရတဲ့လေယာဉ်ကို မစောင့်နိုင်တော့ပဲ
ယခုလေယာဉ်နဲ့သာ စီးနင်းခဲ့လိုက်ရသည်။

ဘေးမှာ လူရှိတာ မကြိုက်တတ်တဲ့ Jennie အတွက်တော့
နည်းနည်းလေးမှအဆင်မပြေပေ။

ဘေးကတစ်ယောက်က တော်တော်လေးကို
ဂနာမငြိမ်တာပဲ။
အစားအသောက်ကလဲ သောင်းကျန်းလိုက်တာ
တစ်ခုပြီးတစ်ခုစားနေလေ၏။

ပြီးတော့ laptopနဲ့ game ကစားနေတာက
တချောက်ချောက် နှင့် တော်တော်လေးကို
အဆင်မပြေဖြစ်လို့နေလေသည်။

*Kim Jennie.....Relax...Relax....
အကြာကြီးမဟုတ်ဘူး ခနပဲ ဒီလောက်တော့သည်းခံရမှာပေါ့....*

စိတ်ကိုတော်တော်လေးလျှော့ထားပေမဲ့
ကျွတ်ဆတ်လွန်းတဲ့ စိတ်တို့ကို တားမရတဲ့အဆုံးမှာတော့....
"Excuse me....$$$$$$$$$$"

Jennie လေယာဉ်မယ်လေးကို English လိုထပြောလိုက်သည်။
ဘေးကတစ်ယောက်ကြောင့် အဆင်မပြေဖြစ်နေမှုကိုပေါ့။

လေယာဉ်မယ်လေးရဲ့ စကားကြောင့်
တချောက်ချောက်နဲ့ Typing အသံကတော့
ရပ်သွားပြီး ဘေးကတစ်ယောက်က
တောင်းပန်စကားဆိုလာလေသည်။

ထိုတစ်ယောက်ရဲ့ တောင်းပန်စကားကို
အသိအမှတ်ပြုတယ်ဆိုရုံလေး
ခေါင်းြငိမ့်ပြရင်း ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး
မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

မနေ့ညက ညနက်သည်အထိ  မိမိချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံပွဲကြောင့်
အိပ်ရေးအနည်းငယ်ပျက်ခဲ့ရသည်။

‌ဘေးက တစ်ယောက်က ြငိမ်သွားတာကြောင့်
ခန အိပ်ဖို့ကြိုးစားလိုက်သည်။

GASHINA (Completed )Wo Geschichten leben. Entdecke jetzt