{3} crush

4.9K 407 16
                                    

Unicode ver

Gashina

Episode -3

ကားထဲမှာ သုံးယောက်သားစီနင်းလိုက်ပါလာခဲ့ပေမဲ့
အနောက်ခန်းက ပကျိပကျိက တော့ ဘာစကားမှမပြောပဲ
ph သုံးရင်းအေးဆေးစွာလိုက်ပါလာခဲ့လေသည်။

Lisa နဲ့ Jisoo ကတော့ အရင်ကအကြောင်းတွေ
မရိုးနိုင်အောင်ပြောရင်း
ပကျိပကျိကို လျစ်လျှူရှုကာ...
စကားတပြောပြောနဲ့ အတိတ်က ဟာသတွေအကြောင်း
တဟားဟားနဲ့ ရယ်မဆုံးပေမဲ့
ပကျိပကျိကတော့ အနောက်ခန်းမှာ တိတ်ဆိတ်လျက်...

တစ်ကယ်ဆိုရင် Korea လူမျိုးအချင်းချင်းပဲ
နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးအချင်းချင်းတွေ့ကြရင်
မိခင် ဘာသာစကားနဲ့ ရင်းနှီးဖို့ကြိုးစားကြမှာဆိုပေမဲ့
ထိုပကျိပကျိကတော့ သူ့ဘာသာသူတစ်ယောက်တည်း
ချေမိုးနေလေ၏။

Jisoo ဘက်ကစပြီးနှုတ်ဆက်နေတာတောင်
သူက အသိအမှတ်ပြုတယ်ဆိုရုံသာ
ခေါင်းညိမ့်ပြပြီး...တစ်ဖက်လူအနေခက်အောင်
ပြုမူခဲ့သည်မဟုတ်ပါလား။

အမှန်အတိုင်းပြောရရင္ ဒီလိုTypeမျိုးရှိတတ်သည့်
လူစားမျိုးတွေဆိုလျှင် လုံးဝကြည့်မရပေ။

ကိုယ်ကိုတိုင်လဲ သူတို့လို လူစားမျိုးမဟုတ်တော့
အဲ့လိုစိတ်တွေဆိုရင် နားလည်ပေးလို့မရ။

ထားပါ....သူတို့တောင် ချေနေမှတော့ ကိုယ်လဲချေရမှာပေါ့။

သူများအကြောင်း ကို ဘာလို့ခေါင်းအလေးခံ
စဉ်းစားပေးနေရမှာလဲ...

Lisa- " Unnie...ဆိုင်ကိုတစ်ခါတည်းပဲသွားလိုက္မယ်
Jennie ကိုလဲ သူ့ဆိုင်မှာချပေးရင်း
unnie ကိုလဲ  Chaw ရဲ့ မိဘတွေနဲ့ တစ်ခါတည်းတွေ့ပေးမယ်"

Jisoo- "အင်း အဆင်ပြေသလိုလုပ်...
နင့် mommy နဲ့ dady ကိုတောင် မတွေ့ရတာကြာပေါ့
နေကောင်းကြတယ်မလား "

Lisa- "ကောင်းပါ့...unnie လာမယ်ဆိုလို့ စောင့်နေကြတာ
daddy က သူသွားစရာရှိတာတောင်ဖျက်ထားတာ"

Jisoo-"Wae...သွားစရာရှိတာသွားတာမဟုတ်ဘူး
နောက်ရက်လဲ တွေ့ရမှာကို"

Lisa" No...No...Daddy က နောက်ရက်
နိုင်ငံခြားခရီးစဉ်ရှိတယ် ကြာမယ်ထင်တယ်
အဲ့ဒါကြောင့်မို့လို့တဲ့"

GASHINA (Completed )Where stories live. Discover now