{17} pretty lies

4.6K 395 29
                                    

Gashina

Episode - 17

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ****

မိမိကို ဒီထက်ပိုသဘောမကျတော့ဘူးလို့ပြောသွားတဲ့

Kim Jisoo...က မော်နီတာပေါ်မှာ

တော်တော်လေးမျက်စိနောက်လောက်အောင်ကို

ဆိုင်ထဲက ကောင်မလေးတွေနဲ့ ပလူးပလဲ လုပ်နေလေသည်။

တော်သေးတာပေါ့ Thai စကားမတတ်နေလို့....

တတ်များတတ်နေရင် Thai ကကောင်မလေးတွေကိုတောင်
အလွတ်ပေးပါ့မလားပဲ....

"kim ji soo....နင်တော်တော်ဖြစ်နေတာလား....
ငါ့ကို ဒီထက်ပိုသဘောမကျတော့ဘူးလို့ပြောပြီးနောက်ပိုင်း
ဆိုင်ထဲက ခပ်ချော‌ေချာ  Thai မလေးတွေနဲ့
တရုန်းရုန်းပါလား....Thai စကားက ပြောလောက်အောင်
မတတ်သေးတော့ body languageနဲ့ပြောတာကို
တဟီးဟီး တဟားဟားနဲ့....
ဟိုကောင်မလေးတွေကလဲ ဘာတွေသဘောကျနေတယ်မသိ
ရယ်နေလိုက်ကြတာ...."

Jennie....တော်တော်လေးမျက်စိနောက်လာတာကြောင့်
ရုံးခန်းထဲကနေထွက်လာလိုက်သည်။

JiSoo ထက်စာရင် Chae Yeong က
Thai လိုပိုတတ်တာကြောင့် သူက ဘာသာပြန်ပေးရင်း
ရယ်နေလိုက်ကြတာ....မိမိရောက်လာတော့မှ
ချက်ချင်းကို တိတ်ဆိတ်သွားကြတော့၏။

"Kim JiSoo...ကိုယ့်ကောင်တာမှာ ကိုယ်မနေပဲ
ဘာလုပ်နေတာလဲ "

"လူလေး နည်းနည်းရှင်းလို့ စကားပြောနေကြတာပါ"

"စကားကတော်တော်တတ်နေပြီပေါ့...."

"ဘယ်တတ်သေးမှာလဲ Body Languageနဲ့ပြောတာပေါ့"

"ထားတော့....ဟိုတစ်နေ့က ဈေးနှုန်းတွေမှားပြောလို့
Chaeng က လာကူပြောလိုက်ရတယ်ဆို
အားရင်ဈေးနှုန်းတွေကျက်ထားလေ "

"Nae...."

သူမက ထိုသို့ပြန်ဖြေရင်း ပြုံးစိစိနဲ့ သူတာဝန်ကျရာ
ကောင်တာနားသို့ သွားပြီး...
note စာအုပ်ထုတ်နေလေတော့သည်။

Jennie...ဆိုင်ထဲ ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်ကာ
မိမိရုံးခန်းဘက်သို့ပြန်လာလိုက်ပြီး

"JiSoo....coffee တစ်ခွက် နို့များများ "

"သူပဲဈေးနှုန်းတွေကျက်လို့ပြောပြီးတော့"

GASHINA (Completed )Where stories live. Discover now