Poor Kuma

5.3K 388 24
                                    


Unicode version

.
.
.

Gashina

Episode  - 26

Jennie...ရဲ့ English စာသင်ပေးမယ်
ရုံးခန်းထဲ ခန လာခဲ့ပါအုံးဆိုတဲ့အသံကြောင့်
Jisooနဲ့အတူ ဝန်ထမ်းအချို့က မိမိကို
ကြောင်ပြီး ကြည့်နေကြလေ၏။

"ငါ အခု ဘာတွေလုပ်မိနေတာလဲ...
ရူးသွားပြီလားမသိပါဘူး...Ahhh...molla..."

ခပ်တည်တည်နဲ့ ထိုစကားကိုပြောပြီး ရုံးခန်းထဲ
အမြန်ပြန်ဝင်လိုက်သည်။

Jisoo တစ်ယောက်ကတော့ မထင်မှတ်ထားတဲ့
သူ့ခေါ်သံကြောင့်
အနည်းငယ် ကြောင်အမ်းသွားပေမဲ့
ချက်ချင်းပဲ မိမိနေရာကနေ ထလိုက်ပြီး
သူမရဲ့ ရုံးခန်းထဲ လေလိုအလျှင်ဖြင့်
ဝင်သွားခဲ့လိုက်သည်။

"Boyah....ဘာတွေသင်ပေးမှာလဲ
အရမ်းတွေသင်ချင်နေပါပြီ မြန်မြန်သင်ပေးပါတော့။"

မိမိကိုကျောပေးကာထိုင်နေတဲ့ Jennieကို
ထိုကဲ့သို့ပြောရင်း အနောက်ကနေ သိုင်းဖက်လိုက်သည်။

Jennie. ...မိမိကိုသိုင်းဖက်ထားတဲ့သူ့လက်ဖျံတွေကို
ခပ်တင်းတင်းပြန်ဖက်ထားရင်း
ခေါင်းလေးသူ့ဘက်ကိုငဲ့စောင်းကာ ပြန်ပြောလိုက်သည်။

"ငါရူးသွားပြီလားမသိဘူး နင့်ကိုငါ့အခန်းထဲခေါ်ဖို့
စဉ်းစားနေတာ ....ခေါင်းထဲကနေ အဲ့ဒါပဲထွက်လာတယ်"

"Kadae....ဒါဆိုမြန်မြန်သင်ပေးပါတော့...
စာသင်ချင်နေပြီ...."

"တစ်ကယ်သင်ပေးရမှာလား
အဲ့ဒါဆို ABCD အစအဆုံးဆိုပြ"

"လွယ်လွယ်လေးကို ဒါတော့ရပါတယ်နော် ..."

ထိုသို့ပြောရင်းနဲ့ A to Z အထိ ခပ်တည်တည်နဲ့ဆိုပြလိုက်သည်။

"Oh....တော်သားပဲ သင်ခန်းစာပြီးပြီ....
ဒီမှာလာထိုင်ပြီးနားလို့ရပြီ "

"ဆရာမရဲ့ စာသင် skill ကလဲ Daebak....
ငါက တစ်ခြားဟာသင်မယ်ထင်နေတာလေ...."

"Boyah...ဘာကိုမျှော်လင့်နေတာလဲ....
English စာသင်ပေးမယ်လို့ပြောခဲ့သားပဲ..."

"အခု ဘာမှတောင်မသင်ပေးရသေးဘူးလေ
ABCD ပဲဆိုခိုင်းပြီး"

Jennie. ..ဘေးနားက ph လေးကိုဆွဲယူပြီး
သူ့ကိုပြလိုက်ရင်း....

GASHINA (Completed )Where stories live. Discover now