နပွန်းယောဂျား

4.5K 369 13
                                    


Unicode version
.
.
.
.

Gashina

Episode - 27

Jennie ရဲ့ Omma တောင် Thai ကို ပြန်ရောက်လာပြီဖြစ်သည်။

Omma က အခုမှ ပြန်ရောက်တာကြောင့်...
Jennie နဲ့ Oppa ရဲ့အကြောင်း ကို Omma စိတ်ရှုပ်မှာစိုးလို့
အခုထိမပြောပြရသေးပေ။
သူမနဲ့အကြောင်းဆိုတာပိုဝေးပေါ့....

Omma က Jennie နဲ့ နေ့ရောညပါ အတူရှိနေတာကြောင့်
သူနဲ့က တစ်ဆိုင်ထဲမှာဆိုပေမဲ့ ဝေးနေသလိုခံစားနေရပြီး
အားတိုင်းကို သတိရမိနေတော့သည်။

သူ့အနမ်းတွေကိုရူးလောက်အောင်သတိရလာလျှင်
Omma လစ်ပြီဆိုတာနဲ့ သူ့အခန်းကိုသွားပြီး Date သည်။

တစ်ခါတစ်ရံ သူနဲ့ အပြင်သွားပြီး တစ်ခုခုသွားစားသည်။

အိမ်ပြန်ကာနီးဆိုရင် မပြီးစီးနိုင်အောင် အလွမ်းတွေသယ်ကြပြီး
မခွဲနိုင်မခွာရက်ဖြစ်ကာ...
သူ့ကိုငုံထားလိုက်ချင်သည်အထိ....ချစ်သည်။
.
.
.
.
.

Jennie... အလုပ်တွေရှုပ်နေလို့ သူက ဆိုင်ထဲက
ကောင်မလေးတွေနဲ့ ပူးကပ်နေရင် မအားတဲ့ကြားက
ရန်ရှာရသည်မှာ Jennie ရဲ့ အလုပ်တစ်ခုလိုပင်...

"Jennie ya...မဟုတ်ဘူးလို့
ငါက ဒီအတိုင်း စျေးနှုန်းမေးနေတာ...
အဲ့အချိန်သူက ဒေါက်ဖိနပ်နဲ့ဆိုတော့ ခြေထောက်ခေါက်ပြီး ယိုင်သွားလို့
ကူညီပေးနေတာ....
နင်သိရက်သားနဲ့နော်....ဘာလို့အမြဲတမ်းတခြားကောင်မလေးတွေနဲ့
ငါ့ကိုပေးစားနေတာလဲ....
ငါရှင်းပြနေလဲနင်နားမထောင်ဘူး
ပြောချင်ရာပြောနေတော့တာပဲ....
စိတ်ပျက်လိုက်တာ...
နင်နဲ့ငါ ပြတ်ပြီ..."

"နင် ဘာလို့ အဲ့လိုပြောထွက်ရက်တာလဲ
အဲ့ဒါငါ နင့်ကိုချစ်လို့ သဝန်တိုတာလေ..."

"ငါ အလုပ်ထွက်မှာ..."

"yrrr...နင်ဘယ်လိုဖြစ်နေတာလဲ
ရန်ဖြစ်တိုင်း ဒီစကားပဲ ပြောနေတော့မှာလား
တစ်ခြားဟာမပြောတတ်ဘူးလား ..."

သူက ပြတ်ပြီလို့ပြောပြီး Jennie ကိုရှောင်နေလျှင်
Jennie မှာ မျက်ရည်နဲ့ မျက်ခွက်...

သူအလုပ်မလာသည်မှာ ဒီနေ့နဲ့ဆိုလျှင် ၃ ရက်တောင်ရှိပြီဖြစ်သည်။

GASHINA (Completed )Where stories live. Discover now