Gashina

5.6K 406 59
                                    


Gashina

Final Episode

လွန်ခဲ့သော တစ်ပါတ်ခန့်ကဖြစ်သည်။

Jisoo ပွစာကျဲနေတဲ့ အခန်းထဲကပစ္စည်းတစ်ချို့ကို
ရှင်းလင်းပြီးနောက်

ညစ်ညူးနေတဲ့စိတ်တွေကို ဖြေဖျောက်ဖို့
ဝရံတာဘက်သို့ ထွက်လာလိုက်သည်။

Chaeng က Beer တစ်ဘူးကိုင်ရင်း
သူမ အခန်းရှေ့ကထောင့်နားလေးမှာ
ရပ်နေတာကြောင့်  သူမရှိရာသို့ သွားလိုက်သည်။

"Unnie...Beer သောက်မလား ရှိသေးတယ်"

"အင်း တစ်ဘူးလောက် "

Chaeng...စားပွဲပုပုလေးပေါ်မှာတင်ထားတဲ့
Beer ဘူးတွေထဲက တစ်ဘူးကို ယူလိုက်ပြီး
ဖောက်ပေးလိုက်သည်။

JiSoo. ..Chaeng ပေးတဲ့ Beer ဘူးကို
လှမ်းယူလိုက်ပြီး တစ်ကျိုက်ထဲမော့သောက်လိုက်သည်။

ခါးသက်ပြီး အေးမြလွန်းနေတဲ့ Beer ကို
သောက်လိုက်တာတောင်မှ...
ရင်ထဲက ပူလောင်မှုတွေက နည်းနည်းလေးမှလျော့သွားခြင်းမရှိခဲ့ပေ။

"နောက်ထပ်တစ်ဘူးလောက် ရှိသေးလား
မရှိရင် ငါသွားဝယ်လိုက်မယ်..."

"ရှိပါသေးတယ် နှစ်ကဒ်တောင် ဝယ်လာတာ
ဒီနေ့လဲ ရန်ဖြစ်ကြပြန်ပြီလား....
ခုနက အသံတွေကြားလိုက်တယ်...."

"အင်း....ဒီလိုပါပဲ.....ဒါပေမဲ့....
Molla.....ငါထွက်ပြေးချင်နေတာပဲသိတယ်"

"စိတ်လျှော့ပါ Unnie ကလဲ...
သူက Unnie ကို အရမ်းချစ်လို့ပါ...."

"အင်း လူတိုင်းကပြောကြပါတယ်
နင့်လိုပေါ့...
Jennie က ငါ့ကို အရမ်းချစ်တော့
အလျှော့ပေးလိုက်ပါတဲ့....
ငါ အလျှော့ပေးခဲ့တာတွေကိုတော့
လူတိုင်းက မမြင်ပဲ
သူချစ်တာကိုပဲ မြင်ကြတယ်ထင်ပါရဲ့...
ဟုတ်ပါတယ် သူက ငါ့ကို အရမ်းချစ်ပါတယ်
သူချစ်သလို ငါလဲ သူ့ကို သည်းခံပေးခဲ့ပါတယ်
ဒါပေမဲ့...ဒီနေ့ကတော့....
ဒီနေ့ကတော့ အရမ်းလွန်လွန်းတယ်လေ....
နင်လဲကြားမှာပါ သူသောင်းကျန်းသွားတာ
အခန်းတစ်ခုလုံးလဲ ရစရာကိုမရှိဘူး...."

Chaeng. သူများအတွဲကြားထဲဝင်မပါချင်တာကြောင့်
ခေါင်းပဲ ညိမ့်ပြကာ သူပြောသမျှကိုပဲ
နားထောင်ပေးနေလိုက်သည်။

GASHINA (Completed )Where stories live. Discover now