Sooyaaa

6.5K 398 29
                                    

Unicode version

.
.
.

Gashina

Episode - 30

Jisoo...အနည်းငယ်ထွက်နေတဲ့ ချွေးစတွေနဲ့အတူ
သူမရဲ့ ရင်ခွင်ပေါ်သို့ မှောက်အိပ်လိုက်သည်။

သူမက မိမိရဲ့ နှဖူးပေါ်က ချွေးစအချို့ကို သုတ်ပေးရင်း
ဘေးက Aircon remote လေးကို လှမ်းယူကာ
အပူချိန်မြင့်နေတဲ့ အခန်းကို
အအေးဓာတ်ပိုလာအောင်...ခလုတ်လေးတွေကို
နှိပ်လိုက်၏။

Jisoo...မိမိထက်အနည်းငယ် ပိုမောဟိုက်နေတဲ့
သူမကို အုပ်မိုးကြည့်လိုက်ပြီး...

"ဘာလို့ နင်က ငါ့ထက်ပိုမောနေရတာလဲ
ကြိုးစားနေရတာက ငါပါ....
ဘယ်လိုလုပ်နင်ကပိုမော..."

Jennie. ..သူ့စကားမဆုံးခင်လေးမှာပဲ
သူ့ကိုဆွဲဖက်လိုက်ပြီး

"ငါလဲအတူ ကြိုးစားပေးတာပဲလေ...
Molla...ငါကပိုမောတယ်...
နင်လေ တော်တော်အကျင့်မကောင်းတာပဲ
အမြဲတမ်း အဲ့လိုပဲ လာပြောနေတော့မှာလား
လာခဲ့ အဲ့လိုပြောတဲ့ ဒီနှုတ်ခမ်းတွေကို
ကိုက်ပစ်မယ်..."

"Yrrr...နာတယ်နော် မလုပ်နဲ့"

Jisoo တစ်ယောက် အသံတောင်ထပ်မထွက်နိုင်တော့အောင်
Jennie. ..သူ့နှုတ်ခမ်းတွေကို ငုံခဲကာ
ကိုက်ပစ်လိုက်သည်။

"မဟုတ်မှ ငါ...ဒီလိုကိုက်တာခံချင်လို့
အမြဲပြောနေတာမလား "

"ဟုတ်တယ်..."

"Napon Yawja..."

"ကြိုက်တယ်မလား..."

"Yrrr....ထပ်မပြောနဲ့နော်...
နောက်တစ်ခါဆို Role ပြောင်းလိုက်မယ်
အဲ့တော့မှ ငါဘယ်လိုခံစားနေရလဲသိမှာ"

"‌ပြောင်းလေ...ငါကတော့ဘယ်လိုနေနေ
နင့်ကိုကြိုက်တယ်..."

Jennie. ..သူ့လက်မောင်းပေါ် ခေါင်းအုံးလိုက်ပြီး
သူ့ရင်ခွင်ထဲတိုးဝင်က
အနည်းငယ်လစ်ဟနေတဲ့စောင်ကိုဆွဲခြုံလိုက်သည်။

"Chaki...ya...တစ်ခါတစ်လေ လေ
နင်မျက်နှာ သိပ်မရူးနဲ့ဟာ...
ငါမကြိုက်ဘူး..."

"Ok....ဒီလိုလား...
တစ်သက်လုံး ဒီလိုပဲနေပေးရမလား..."

Jisoo...မျက်နှာကိုတည်ထားရင်း
သူမကိုကြည့်လိုက်သည်။

GASHINA (Completed )Where stories live. Discover now