Warning 🚫🚫FA များမဖတ်ရ🚫🚫

8.9K 421 79
                                    

Gashina

Episode  -29

Jennie ဟိုတစ်နေ့ကတည်းက
သူမပြောခဲ့တဲ့ စကားလေးကို
အကြိမ်ကြိမ်ကြားယောင်နေမိသည်။

"မင်းနဲ့တူတဲ့ သမီးလေးတစ်ယောက်လောက်
ရချင်လိုက်တာတဲ့ "

သူကတော့ ဘာရယ်မဟုတ် စကားလေးအဖြစ်
ပြောလိုက်ပေမဲ့ Jennie ရဲ့စိတ်ထဲမှာတော့
သူမ လိုချင်တဲ့ကလေးလေးကို
မွေးဖွားပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

Jennie ဘက်ကတော့ သူမနဲ့တူတဲ့ သမီးလေးပဲရချင်သည်။
သူမနဲ့သာတူမယ်ဆိုရင် သမီးလေးက
ထင်ရှားတဲ့ နှာတံမြင့်မြင့်လေးရယ် အသဲပုံနှုတ်ခမ်းလေးရယ်
Jennie နဲ့တူတဲ့မျက်လုံးလေးရယ်....
နှဖူးလေးကတော့ ဘယ်သူနဲ့ပဲတူတူ လှမှာပဲလေ...
လက်ချောင်းလေးတွေက သူနဲ့တူရင်
ရှည်ရှည်သွယ်သွယ်လေးတွေနဲ့ သိပ်လှမှာ....
ပါးဖောင်းဖောင်းလေးတွေကသာ
Jennie နဲ့တူခဲ့မယ်ဆိုရင်...
အံမလေး ငါတို့သမီးလေးသာ မွေးဖွားလာရင်
ဘယ်လောက်တောင်များ လှလိုက်မလဲ....

Jennie တစ်ယောက်တည်း စိတ်ကူးကြည့်ပြီး
တော်တော်လေးကိုပျော်နေမိသည်။

ချက်ချင်း ph လေးကို ကောက်ကိုင်လိုက်ပြီး
Google ကနေတစ်ဆင့်
ဖန်ပြွန်သန္ဓေသားအကြောင်း ရိုက်ပြီး ရှာကြည့်လိုက်သည်။

"ဝိုး,,,,, Thai မှာပိုအဆင်ပြေတာပဲ
လိင်ပြောင်းလဲခွဲစိတ်မှုတွေနှင့် ဖန်ပြွန်သန္ဓေဆောင်မှုတွေက
Thai မှာ ပိုအဆင့်မှီကြောင်း recommend ပေးထားတာကို ပိုတွေ့နေရလေသည်။

Jennie တို့နှစ်ယောက်လုံးရဲ့မမျိုးဥကိုယူပြီး
သုတ်ပိုးအလှုခံကာ သန္ဓေဆောင်လို့ရသည်တဲ့ ...

ဒါပေမဲ့လဲ သုတ်ပိုး အလှုခံပြီးယူတာက
မိမိတို့နှစ်ယောက်ရဲ့
သွေးသားစစ်စစ် ဖြစ်တာမျိုး မဟုတ်မှတော့ မရချင်။

တစ်ခြားနည်းလမ်းလေးတွေများမရှိဘူးလား။

Jennie. ...pc လေးပြောင်းဖွင့်ပြီး လက်ချောင်းလေးတွေက
pc ခလုတ်လေးတွေပေါ်ပြေးလွှားလိုက်၏။

ခနအကြာမှာတော့ ....Jennie သိချင်တဲ့
အကြောင်းအရာတို့ကို သိခွင့်ရလိုက်သည်။

GASHINA (Completed )Where stories live. Discover now