{13} Knock...Knock

4.5K 374 12
                                    

Unicode version

Gashina

Episode - 13

JiSoo တစ်ယောက် Jennie နောက် အမှီပြေးလိုက်သွားပေမဲ့

ထိုစူပုတ်ပုတ် ပုတုတုလေးက လေလိုအလျှင်နဲ့
ပြေးထွက်သွားလိုက်တာ
အစတောင်ရှာမရတော့ပေ....

သူမအိမ်အထိ လိုက်သွားပြီး မိမိရဲ့အချစ်တွေကို
ဝန်ခံလိုက်ချင်ပေမဲ့
မိမိမှာ ကားမရှိတဲ့အပြင် သူမက မိမိကို တစ်ခါတည်း
ငြင်းသွားခဲ့သည်မဟုတ်ပါလား....

"I' m not Lesbian.
နောက်ထပ်ငါ့ကိုဒါမျိုးတွေလာမလုပ်ပါနဲ့တဲ့...."

ခုနက မိမိအနမ်းတွေကို ပြန်တုန့်ပြန်ပြီးနမ်းခဲ့တာ
သူ မဟုတ်တဲ့အတိုင်း.....

" Wae....Wae.....
မင်းလဲငါ့ကိုသဘောကျနေတာပဲမလား....
အခုတော့ ဘာလို့ငြင်းလိုက်တာလဲ....
Ahhh....ငါ့ဘက်ကလဲ အဆင့်တွေအရမ်းကျော်မိသွားပြီမလား
သဘောကျတယ် ဘာညာတောင်မပြောရသေးပဲနဲ့လေ...
နောက်ရက်တော့ ငါ့ကိုသေချာပေါက်အလုပ်ထုတ်တော့မယ်ထင်တာပဲ.....
Ahhh...ငါရူးသွားတာလား.....
သူနဲ့နှစ်ယောက်တည်းအတူရှိနေရင်
ဘာလို့အဲ့လောက်ထိ ရဲတင်းနေရတာလဲဒီစိတ်ကလဲ...
မကြောက္မလန့်နဲ့....Ahhh....michawsaw..."

Jisoo...မိမိတိုက်ခန်းလေးဘက်သို့ လမ်းလျှောက်ရင်း
ပြန်လာခဲ့လိုက်သည်။

.
.
.
.
.
.
.
Chaeng....နာရီတကြည့်ကြည့်နှင့် စောင့်နေခဲ့သည်။

"Wae...unnie ...ဘာလို့အခုထိပြန်မလာသေးတာလဲ
ဗိုက်ဆာနေပြီလေ....သူနဲ့အတူစားချင်လို့စောင့်နေတာကို"

Lisa ကို phဆက်ပြီးမေးကြည့်ထားပေမဲ့
သူ့ဆီလဲမလာဘူးတဲ့....

"Unnie ကကွာ ...ph လဲမကိုင်ဘူး
ဘယ်တွေလျှောက်သွားနေတာလဲ...
စိတ်ပူလိုက်တာ..."

ph လေးကိုင်ရင်းဝရံတာကနေ အောက်ငုံ့ကြည့်လိုက်
unnie ရဲ့အခန်းကိုလှမ်းကြည့်လိုက်နှင့်
ဂနာမငြိမ်ဖြစ်လို့နေသည်။

ဘာလို့ သူစိမ်းတစ်ယောက်ကို လိုတာထက်ပိုပြီး
စိတ်ပူနေရတာလဲ.....

အဖြေက ရှင်းရှင်းလေးပဲ

အဲ့ဒီလူကို ကိုယ်သဘောကျနေလို့ပေါ့ ။

GASHINA (Completed )Where stories live. Discover now