{9} Second kiss??

4.4K 360 13
                                    

Unicode ver

Gashina

Episode - 9

Jennie နဲ့ Chaeng တံခါးကဟနေတာကြောင့်
နှစ်ယောက်သားအတူ တွန်းဖွင့်ရင်း
ဝင်သွားလိုက်သည်။

Kitchen နားတွင်ဖြစ်လေ၏။

Lisa ရင်ခွင်ထဲမှာရောက်နေတဲ့ JiSoo
နှစ်ယောက်သားကလဲ ဖက်ထားကြသည့်အနေအထား

တစ်ကယ်က JiSoo က Lisa ကိုမဖက်ထားပေမဲ့
Lisa ရဲ့ရင်ခုန်သံကိုကပ်ပြီးနားထောင်နေတဲ့အခါမှာတော့...

ထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့်
Jennie နဲ့ Chaeng မျက်လုံးလေးတွေ
ပြိုင်တူဝိုင်းစက်သွားခဲ့ပြီး အိမ်ထဲဝင်မဲ့ ခြေလှမ်းတို့
တုံ့ဆိုင်းသွားခဲ့လေသည်။

"Chaeng ငါတို့ပြန်မှထင်တယ်...ငါတို့ကြောင့်
သူတို့သာယာနေတာ အနှောင့်အယှက် ဖြစ်သွားပုံပဲ"

"Aww ပြန်လိုက်ကြမလား "

Lisa နဲ့ Jisoo လဲ Jennie တို့နှစ်ယောက်ကို ရုတ်တရက်
မြင်လိုက်ရတာကြောင့်

အခြေအနေကိုသဘောပေါက်သွားတဲ့ထိုနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်လိုက်ကြပြီးနောက်

Lisa က ထိုင်ခုံလေးပေါ် ထိုင်လျက်သားကျသွားပြီး
Jisoo က နံရံဘက်နားမှာ ဘာမှ မဖြစ်သလိုမှီနေလိုက်သည်။

"Arrniyar. ...အထင်မလွဲပါနဲ့ ငါတို့က ဒီအတိုင်း
ဘာမှမဟုတ်ဘူး စမ်းကြည့်ခိုင်းနေတာ"

Lisa က ကယောင်ကတမ်းတွေ ဖြစ်ပြီးထဖြေလေ၏။

"ဘာကို စမ်းနေကြတာလဲ"(Chaeng ရဲ့အသံ)

JiSoo သူတို့နှစ်ယောက်နားသွားလိုက်ပြီး
မျက်နှာအနေအထားကို ပြင်လိုက်ရင်း
မေးလိုက်သည်။

"ဘယ်လိုလုပ် နှစ်ယောက်သား အတူရောက်လာတာလဲ"

Jennie လဲ လက်ထဲက ဝယ်လာတဲ့ အထုပ်လေးကို
သူ့ကို ကမ်းပေးလိုက်ရင်း

"ထွေထွေထူးထူး မဟုတ်ပါဘူး Lisa က နင့်ကို
သူမရှိတဲ့အချိန်လေးမှာဂရုစိုက်ပေးဖို့ ခနခနပြောထားလို့
Korea အစားအစာလေးတွေဝယ်လာတာ
ကြိုက္မလားတော့မသိဘူး....
ဒီရက်ပိုင်းငါလည်းမအားလို့ ဘာမှတောင်မလုပ်ပေးဖြစ်ခဲ့ဘူးလေ
အခုတော့ သူလဲရောက်လာပြီပဲ ပြန်လိုက်တော့မယ်"

GASHINA (Completed )Tahanan ng mga kuwento. Tumuklas ngayon