Gashina

5.5K 374 65
                                    

Gashina

"Kim JiSoo. ..နင်ဘယ်လိုဖြစ်နေတာလဲ
နာဂါးးးး..."

"Wae....ဘာမှတောင်မပြောရသေးပါဘူး..."

"Yul...လေး...မငိုနဲ့...Unnie ရှိတယ်....
Wae...Wae....ဘာလို့အဲ့လောက်တောင်ငိုနေရတာလဲ ...
Yrrr....နင် ကလေးကို ဘာလုပ်လိုက်တာလဲ..."

"ငါ...ဘာမှမလုပ်ပါဘူး...
ဆီစွတ်ပြီး မြိုချလိုက်ရမလားလို့ပဲပြောလိုက်တာ"

ကလေးက ထိုစကားကို ထပ်ကြားတော့
ပိုပြီးတော့တောင် ငိုလာတာကြောင့်...
Jennie. ..မီးထဖွင့်လိုက်ပြီး
ကလေးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။

"Yul...လေး...wae...wae....ဘာကကြောက်စရာပါလို့လဲ..."

"ဆီစွတ်ပြီး မြိုချပြစ်မယ်တဲ့...အဲ့ဒါက ကြောက်ဖို့ကောင်းတယ်...
အဲ့ မမက Yul လေးကို စားမယ်လို့ပြောတာနဲ့
အတူတူပဲမို့လား...."

.
.
.
.
ကလေးက အကြီးအကျယ် ကိုတွေးပစ်လိုက်တာကြောင့်
တော်တော်လေးကြောက်သွားတယ်ထင်ပါရဲ့....
Jennie. ..ရယ်လဲရယ်ချင်
ကလေးကိုလဲ သနားလာကာ...
ကျောကုန်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"အဲ့ မမက Yul လေးကိုမစားပါဘူး"

"ကြောက်တယ်..."

"အေးပါ အေးပါ သူ့ကိုတစ်ခြားအခန်းမှာ
သွားအိပ်ခိုင်းလိုက်မယ်..."

"Yrrr...ငါတစ်ခြားအခန်းမှာ သွားမအိပ်ဘူးနော် "

"နင်သေချင်နေတာလား ကလေးနဲ့တုပြီးတော့
အပြင်ခနထွက်နေ ပြီးမှ ဝင်လာခဲ့ "

JiSoo. ..ထိုကလေးကိုပေစောင်းစောင်းကြည့်ပြီး
အခန်းအပြင်ခနထွက်ပေးလိုက်သည်။

"အဲ့ဒါကြောင့် သောက်ကလေးမချစ်တတ်တာ
နားကငြီးသေး ချော့ကချော့ရသေး "

JiSoo. ..ခပ်တိုးတိုးပြောရင်း
အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။

နာရီဝက်ခန့်ကြာအောင် အိမ်ရှေ့က Sofa ပေါ်မှာ စောင့်နေပေမဲ့
Jennie ဆီက ဘာအချက်ပြတာမျိုးမှ
မရှိလာတာကြောင့်....
အခန်းတံခါးကို အသံမမြည်အောင်ဖွင့်ပြီး
ဝင်သွားလိုက်သည်။

ကလေးကို သူ့ရင်ခွင်ထဲထွေးဖက်ပြီး
တစ်ခြမ်းစောင်းလေးအိပ်နေတဲ့ Jennie ....

GASHINA (Completed )Where stories live. Discover now