Jj4eva

4.4K 387 16
                                    

Gashina

Episode - 32

Lisa....Chaeng ရဲ့စကားကြောင့်
အနည်းငယ်ကြောင်သွားသည်။

ရုတ်တရက်မို့ သူမပြောလိုက်သည့်စကားကို
ဘယ်လိုမှနားမလည်နိုင်ဖြစ်သွားပြီး
ထို ကိုရီးယားစကားကို ဘယ်လိုမှဘာသာပြန်လို့မရခဲ့ပေ။

Chaeng က တံခါးကိုဟထားခဲ့ပြီး အထဲဝင်သွားတာကြောင့်...
သူမအနောက်ကိုလိုက်သွားရင်း
ထိုဘာသာစကားကို
အသဲအသန်ဘာသာပြန်ပြီးသည့်နောက်....

"Boyah...သူ ဘာကိုဆိုလိုချင်တာလဲ
မဟုတ်မှ ...သူငါ့ကို့ လက်ခံပြီး....Omo..."

ထိုအတွေးကြောင့်

သူမအခန်းထဲလိုက်ဝင်ဖို့တောင်မဝံ့မရဲဖြစ်ပြီး
အခန်းဝမှာ ရပ်နေရင်း
ဒူးတွေတောင်တုန်နေခဲ့သည်။

"ဘာလုပ်နေတာလဲ မြန်မြန်မလာပဲနဲ့"

Lisa. ..သူ့အခန်းထဲလိုက်ဝင်သွားလိုက်ပြီး
သူမကို ခပ်တိုးတိုး လှမ်းပြောလိုက်သည်။

"Chaeng. ...ရုတ်တရက်ကြီးဆိုတော့လေ....
ငါ့...ငါ့ဘက်က အဆင်သင့်မဖြစ်သေးဘူးထင်တာပဲ"

"Wae....ဘာကိုလဲ...."

"နင်ပဲ လာအိပ်လို့ပြောလိုက်တာမလား"

"အင်းလေ....ငါသရဲကြောက်တတ်တာသိရက်သားနဲ့
မအိပ်ရဲလို့လေ.....နင့်ရုပ်က ဘာဖြစ်နေတာလဲ
နင် အဆင်မပြေ ဖြစ် ....ဖြစ်....
မ...မဟုတ်မှ....Byuntae....
နင်ဘာစိတ်နဲ့ရောက်လာတာလဲ....
ပြန်တော့ ငါတစ်ယောက်တည်းပဲ အိပ်တော့မယ်
နင်က သရဲထက်ပိုကြောက်ဖို့ကောင်းနေပြီပဲ"

"Yrrr....အဲ့...အဲ့လိုမဟုတ်ပါဘူး....
ငါ့ဘက်က အတွေးမှားသွားတာမှန်ပေမဲ့
ငါလဲသရဲကြောက်တတ်တယ်....
ဟိုတစ်လောက ဒီHotelမှ အတွဲနှစ်ယောက်
သတ်သေသွားဘူးတယ်တဲ့...."

မိမိကို ပြန်ခိုင်းမည်စိုးတာကြောင့်
သူမကြောက်အောင် လျှောက်ပြောလိုက်သည်။

Chaeng....သူ့ကို အနီးကခေါင်းအုံးနဲ့ လှမ်းပေါက်လိုက်ပြီး....
သူ့ကိုထွက်သွားဖို့ပြောချင်ပေမဲ့
သရဲတစ်ကယ်ကြောက်တတ်တာကြောင့်
ထွက်သွားခိုင်းဖို့ကလဲမဖြစ်ပြန်....

GASHINA (Completed )Where stories live. Discover now