{7} Angry J

4.5K 359 6
                                    

Unicode ver

Gashina

Episode - 7

Jisoo ပြောသမျှယုံပြီး
သဘောကျကာ ရယ်နေတဲ့ ထိုကောင်မလေးကို
အရမ်းအူတွေယားပြီး ကိုက်စားချင်လာသည်။

အခုချိန်ထိ သူမက မိမိကြိုက်သည့် Type မျိုး မဟုတ်ပေမဲ့
တော်တော်လေးချစ်ဖို့ကောင်းတာကိုတော့
လက်ခံရမည်ဖြစ်လေသည်။

အရင်,,,သူမနဲ့ မရင်းနှီးခင်က သူမမျက်နှာက
အမြဲစူပုတ်နေလို့ စူပုတ်လေးလို့
နာမည်ပြောင် ပေးထားမိပေမဲ့...
သူမနဲ့ ရင်းနှီးပြီးနောက်ပိုင်းမှာတော့
စူပုတ်နေတဲ့ မျက်နှာထားမျိုးက
တွေ့ချင်လို့တောင် မတွေ့ရတော့ပေ။

Jisoo ပြောသမျှ သဘောကျကာ
ရယ်တတ်တာကြောင့်
သူမနဲ့တွေ့တိုင်း သူမသဘောကျလောက်္မဲ့
ဟာသမျိုးတွေသာ ရှာကြံပြီး ရွေးပြောမိနေလေသည်။

တစ်ကယ်ပါ Jennie ဆိုတဲ့ ထိုကောင်မလေးက
ရယ်လိုက်ရင် ကလေးလေးတစ်ယောက်လို
သိပ်ချစ်ဖို့ကောင်းလွန်းတာကြောင့်
ဘယ်သွားသွား အိပ်ကပ်ထဲ ထည့်ပြီး
ခေါ်သွားလို့ရရင် ေခါ်သွားလိုက်ချင်သည်။

ဒီအကြောင်းတွေ Lisa ကိုပြောပြလိုက်တော့....

"unnie...သူက unnie ရဲ့ type မဟုတ်လို့သာပဲ
ဟုတ်များဟုတ်နေရင် ဆေးတောင်မှီပါ့မလားပဲ
တော်တော်ဖြစ်နေတာနော် အမြင်ကတ်လိုက်တာ"

Lisa ပြောလဲခံရမှာပဲလေ အခုကို တော်တော်ဖြစ်နေပြီ။

မိမိပြောသမျှစကားတွေကို ယုံပြီး
ရယ်နေလိုက်တာများ အားရပါးရ ,,,,

သုံးယောက်သား ဝိုင်တစ်ပုလင်းကုန်သွားတာကြောင့်
လက်ရှိအ‌ေြခအနေက နည်းနည်း
အရှိန်တက်နေချိန်လို့ ပြောရမလား....

သူမ မျက်နှာလေးက ခပ်ရဲရဲဖြစ်နေလေ၏။
ပါးဖောင်းဖောင်းလေးက နီရဲနေတယ်ဆိုတော့
တစ်ကယ့်ကို ကိုက်စားချင်စရာ။
Immmmm.....မကိုက်စားပဲ နမ်းလိုက်ရင်ရော...
arrni မဖြစ်သေးပါဘူး အခုမှရင်းနှီးကာစပဲရှိသေးတဲ့အပြင်
အလုပ်တောင် စ မဝင်ရသေးတာကို

အဲ့ဒီစိတ်တွေ မြန်မြန်ဖျောက်စမ်း
ပါးရိုက်ခံရမဲ့ အကွက်တွေ...
ဖြေးဖြေးချင်းသွားရမှာပေါ့...

GASHINA (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ