{20} Silent

5.7K 414 32
                                    

Unicode version

Gashina


Episode - 20


Jennieတို့နှစ်ယောက်  အမှောင်ရိပ်ကျတဲ့
တိုက်ခန်းအကွယ်ကနေ Lisaတို့နှစ်ယောက်
သူတို့အခန်းထဲ ဘယ်အချိန်ဝင်မလဲဆိုတာကို
စောင့်နေလိုက်ကြသည်။

အမှောင်ရိပ်ကျနေတာကြောင့် မိမိတို့အနားကို
အင်းစက်တွေက ဟိုဟိုဒီဒီ ဝဲပျံနေလေသည်။

Jennie...အင်းစက်တွေကို အရမ်းကြောက်တတ်တာရော
စောင့်နေရတာရောကြောင့်
စိတ်ကသိပ်မရှည်ချင်တော့ပေ.....


"သူတို့က ဘယ်အချိန်မှ အိမ်ထဲဝင်မယ်မသိတာ
ဟိုတယ်သွားကြမလား"

Jennie ရဲ့ထိုစကားကြောင့် JiSoo မျက်လုံးပြူးမိသွားသည်။

အဲ့ဒါကတော့ ကိုယ်တောင်
တစ်ခါမှ မတွေးဖူးထားတာကြီး.....


Jennie....ဘက်က ရိုးရိုးသားသားပြောလိုက်ပေမဲ့
သူမက မည်သို့ထင်သွားသည်မသိ....

မိမိစကားကြောင့် သူမရဲ့မျက်နှာက အံ့ဩသည့်ဘက်
ရောက်သွားပြီး မျက်လုံးအနည်းငယ်ပြူးသွားလေ၏။

"Yeah.....ငါကဒီအတိုင်းပဲပြောလိုက်တာ
နင်ထင်သလိုမဟုတ်...."

JiSoo.....သူမစကားကို သဘောကျကာ ရယ်ပြလိုက်ရင်း
ဟိုနှစ်ယောက် အိမ်ထဲဝင်တာမြင်လိုက်တာနဲ့
သူမရဲ့လက်ကလေးကိုဆွဲပြီး
မိမိအခန်းဆီသို့ အပြေးလေးခေါ်သွားလိုက်သည်။

passwordကို မြန်မြန်ဖျက်လိုက်ပြီးနောက်
သူမရဲ့ လက်ကလေးကို မြန်မြန်ဆွဲကာ
မိမိအခန်းထဲသို့ အလျှင်အမြန်ပဲဝင်လိုက်သည်။

တံခါးပိတ်လိုက်သည့်အသံက အနည်းငယ်တော့
ထွက်သွား၏။

"ဟူး....တော်သေးတယ် မမြင်လိုက်လို့"

နှစ်ယောက်သား သက်ပြင်းပြိုင်တူချလိုက်ပြီး
တစ်ယောက္မျက်နှာတစ်ယောက်
ကြည့်နေလိုက်ကြသည်။

နှစ်ယောက်သားအခန်းဝမှာရပ်နေရင်း....
နီးကပ်လွန်းတဲ့ အခြေအနေကြောင့်....
JiSoo.... Jennieနဲ့ နီးသထက်နီးအောင်တိုးသွားလိုက်သည်။

Jennie.....မိမိနား တဖြေးဖြေးနီးကပ်စွာတိုးလာတဲ့
သူကြောင့်.....

GASHINA (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ