စာသင်ပေးမလို့ အခန်းထဲခန လာခဲ့ပါအုန်း

5.5K 413 60
                                    

Gashina

Episode -25

"ဒါဆို....ငါ့အခန်းပြန်သွားကြမလား"

Jennie....ခေါင်းညိမ့်လိုက်ပြီး
ချက်ချင်းခေါင်းယမ်းပြလိုက်သည်။

"Arrni....ငါ့အိမ်ပဲသွားကြမလား"

"နင့်အိမ်သွားရင် ဟိုတစ်ယောက်က !!"

Jennie....မိမိ လက်ထဲက ph လေးကို
သူ့ကိုပြလိုက်သည်။

"ဘာကြီးလဲ "

"ခုနက သူ ph တွေ ဆက်တိုက်ဆက်နေတာ
သူပြန်တော့မှာမို့လို့တဲ့...
သူ့အလုပ်ကအရေးကြီးလို့ ရတဲ့လေယာဉ်နဲ့ပြန်သွားပြီတဲ့
တစ်ကယ်တော့ ငါသူ့ကိုအားနာနေမိတာ...
သူက ငါ့အပေါ်အရမ်းကောင်းခဲ့တဲ့လူပါ
ငါ့မိဘတွေ ကွာရှင်းတုန်းက သူကငါ့အပေါ်
အားပေးပြီး စိတ်ဓါတ်တွေ ပြန်ခိုင်မာလာအောင်...
သူပဲ အားပေးခဲ့တာ...
ဒါပေမဲ့...ဒီနောက်ပိုင်းငါတို့က LDRS ဆိုတော့
နည်းနည်း....နည်းနည်းမဟုတ်ဘူး
အများကြီးအေးစက်လာတယ်....
သူက သူ့အလုပ်နဲ့ပါတ်သတ်လာရင် အမြဲ ငါ့ကို
နောက်မှာပဲထားခဲ့တာ....
ချစ်တယ် သတိရတယ်လို့သာပြောနေကြပေမဲ့
စိတ်ထဲက မပါကြတာ ကြာနေခဲ့ပါပြီ....
ပြီးတော့ မနေ့ကလဲ သူ ငါ့အိမ်မှာမနေခဲ့ပါဘူး
Hotel မှာသွားနေတာ...
ဘယ်လိုလဲ ငါ့အိမ်လိုက်မှာလား...."

JiSoo...ခေါင်းညိမ့်ပြရင်း....
သူမရဲ့ လက်ချောင်းလေးတွေကို ခပ်တင်းတင်း
ဆုပ်ကိုင်လိုက်သည်။

"ငါကရော... ငါက နင့်အတွက်ဘာလဲ...."

Jennie...ပါးစပ်လှုပ်တယ်ဆိုရုံ အသံမထွက်ပဲ
ဖြေလိုက်သည်။

"မကြားရဘူး ဘာပြောတာလဲ"

Jennie...ပြုံးပြီး ပါးစပ်လှုပ်ရုံပဲ
ထပ်ဖြေလိုက်သည်။

"yrrrr...မကြားရဘူး အသံနည်းနည်းထွက်လေ"

Jennie...သူ့လက်ကလေးကိုဆွဲပြီး
မိမိကားလေးရပ်ထားရာနေရာသို့ခေါ်သွားလိုက်သည်။

"ကား....နင်မောင်းကြည့်မလား..."

"Arrni... Driver set က ညာမောင်းကြီး
ငါက ဘယ်ပဲမောင်းတတ်တာ...."

"သိပ်မကွာပါဘူး ‌မောင်းကြည့်လေ
အတူတူပဲကို"

"မတူပါဘူး ဘယ်နဲ့ ညာနဲ့ ကွာတယ်
နင်ပဲမောင်းပါ နင့်မျက်နှာလေးကိုထိုင်ကြည့်ရင်း
လိုက်စီးချင်လို့..."

GASHINA (Completed )Where stories live. Discover now