"ချစ်တယ် Sooyaaa"

4.7K 360 60
                                    


Unicode version
.
.
.
.

Gashina

Episode  - 28

Jisoo...ဒီနေ့တော့ Lisa ကို
မရ ရအောင် ခေါ်တွေ့ရင်း
မျက်နှာချင်းဆိုင် ကာ မေးလိုက်သည်။

"ငါနဲ့ သိတဲ့ Lisa က ဘယ်ရောက်သွားတာလဲ
အခုချက်ချင်းပြန်ခေါ်လာခဲ့ပေး..."

Lisa တစ်ယောက် ရေသောက်လက်စ
သီးသွားသည်အထိ ရယ်လိုက်ရင်း....

"unnie...ဘာဖြစ်နေလို့လဲ...ငါက ငါပဲလေ
ဘာတွေကပြောင်းလဲနေလို့လဲ..."

"Abaracadabra...(မှော်ဂါထာ ရွတ်သံဖြစ်သည် )
အာဘရာကာဒါဘရာ....Lalisa ကို ပြန်ခေါ်ခဲ့..."

လက်ချောင်းတွေကိုဖြန့်ပြီး မိမိကိုစိုက်ကြည့်ကာ ဂါထာရွတ်တဲ့ပုံ
လုပ်ပြနေတဲ့ JiSoo unnie ကြောင့် Lisa တစ်ယောက်
မျက်ရည်ထွက်သည်အထိရယ်နေမိလိုက်သည်။

"Unnie...Unnie လဲ အဲ့လိုခံစားနေရတာလား
ငါက ထူးဆန်းနေတဲ့လူလို...
ပြောင်းလဲနေတဲ့လူလိုလေ... "

"သေချာပေါက်ပေါ့ "

"သူကတော့ ငါ့ကို အရင်ကရော အခုရော
ဒီအတိုင်းပဲ...ဘာမှမပြောင်းလဲဘူး..."

"အခု နင်တွဲနေတယ်ဆိုတဲ့တစ်ယောက်က
တစ်ကယ်အတည်လား..."

"သူက Fake ပါ...Chaeng က ငါ့အပေါ်...."

Lisa ဆက်မပြောနိုင်ပဲ စကားသံတို့က
တိမ်ဝင်သွားခဲ့သည်။

"လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းလိုက်တာ...
အဲ့ဒီလူက ကိုယ့်ကို အသိအမှတ်မပြုတဲ့လူဆိုရင်
ပိုဆိုးတာပေါ့..."

"Miyannae...ငါ နားလည်ပါတယ်...
ဒီအတိုင်းလေးပဲ ချစ်နေလိုက်ပေါ့...
ပိုင်ဆိုင်ရမှ အချစ်စစ် လို့ သတ်မှတ်လို့မှမရတာ
ဒီအတိုင်းလေး အဝေးကနေ ငေးကြည့်ပြီး
အစွမ်းကုန်ချစ်ပေးနေတာကလဲ
အချစ်စစ်ပါပဲ....ဒါတွေ သူမသိပေမဲ့လို့ပေါ့..."

Lisa...unnie ရဲ့စကားကြောင့်
မျက်ရည်တွေ ဝဲတက်လာပေမဲ့
ထိုမျက်ရည်တွေမကျအောင် ထိန်းထားရင်း
ပြုံးပဲ ပြုံးပြလိုက်သည်။

.
.
.
.
Jennie Omma နဲ့ Shopping အတူထွက်နေခိုက်

"Jennie ya...JiSoo က
ဘယ်လိုအဝတ်အစားတွေကြိုက်တတ်တာလဲ??"

GASHINA (Completed )Onde as histórias ganham vida. Descobre agora