{5} စူပုတ်လေး

4.3K 377 2
                                    

Unicode ver

Gashina

Episode - 5

JiSoo...စူပုတ်လေးက အရှေ့ကနေဦးဆောင်ပြီးခေါ်သွားတာကြောင့်
အနောက်ကနေ တိတ်တဆိတ်ပဲလိုက်သွားခဲ့လိုက်သည်။

အမှန်အတိုင်းပြောရမယ်ဆိုရင်
ခုနက Lisa က သူမနဲ့ မိမိကို ထပ်ပြီး မိတ်ဆက်ပေးခဲ့ပေမဲ့
သူမကတော့ အသိအမှတ်ပြုတယ်ဆိုရုံသာ
ခေါင်းပဲညိမ့်ပြခဲ့သည်မလား။

အနည်းဆုံးတော့
'ဟုတ်လား korea လူမျိုးအချင်းချင်းဆိုတော့
ဘယ်ကလဲ ဘာညာတော့ပြန်မေးသင့်တယ်မလား
အခုတော့ အရမ်းသူစိမ်းဆန်လိုက်တာ။
အေးပေါ့လေ ဒါက သူ့Type ပဲနေမှာပေါ့။
သူက Lisa ပြောသလို မလွယ်ကူတဲ့ ပုံစံမျိုးနေမှာပါ'

ဓါတ်လှေကားထဲမှာ နှစ်ယောက်တည်းအတူရှိနေပေမဲ့
လွန်စွာတိတ်ဆိတ်နေခဲ့သည်။

အစကတော့ နှစ်ယောက်တည်းဆိုပြီး JiSoo သူ့ကို
စကား စပြောကြည့်လိုက်ရမလားလို့တွေးလိုက်ပေမဲ့

အေးစက်စက်သူ့ပုံစံကြောင့် JiSoo စကားသွားမပြောဖို့ပဲ
ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ဓါတ်လှေကားက ရုတ်တရက် ရပ်သွားပြီး
အမှောင်ကျသွားသည်။

"Boyah...ဘာဖြစ်တာလဲ..."

"Ahh...ကြောက်တယ်...ငါတို့ပိတ်မိသွားတာလား
ငါတို့သေတော့မှာလား..."

ထိုစကားတွေက JiSoo ဘက်က တစ်ဖတ်သတ်
ကြားချင်နေတဲ့စိတ်ကူးယဥ် စကားသံသက်သက်သာဖြစ်ပြီး

တစ်ကယ့်လက်တွေ့မှာတော့....သူမက....

အရေးပေါ်ခလုတ်လေးကို အမြန်နှိပ်လိုက်သည်။

ချက်ချင်းဆိုသလို မီးတွေလဲပြန်လင်းလာပြီး
ဓါတ်လှေကားကလဲ ပုံမှန်ပြန်ဖြစ်သွားသည်။

ပြီးတော့ Thai ဘာသာစကားသံဖြင့်
စက်ချို့ယွင်းသွားတဲ့အတွက် တောင်းပန်ပါကြောင်း
speaker လေးကနေ အသံထွက်လာလေသည်။

"Ahh...လန့်သွားတာပဲ "

"ဖြစ်တတ်ပါတယ်"

သူမက မိမိကိုတစ်ချက်စောင်းငဲ့ကြည့်ရင်း
ထိုတစ်ခွန်းသာပြန်ဖြေလေ၏။

GASHINA (Completed )Where stories live. Discover now