HF - 2

3.9K 424 30
                                    

တစ်ရပ်ကွက်ကျော်ရှိ  စာကြည့်တိုက်သို့ရောက်သည်နှင့် စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်ပြီး အထဲသို့အပြေးလှမ်းဝင်လိုက်မိတော့သည်။ ထိုင်နေကျ နေရာကို လှမ်းကြည့်
မိတော့ လွတ်နေဆဲမို့ လုထိုင်မည့်သူမရှိပါဘဲ အလောသုံးဆယ် သွားထိုင်လိုက်သူက ဘုန်းသက်တိုင်။

"သက်တိုင်"

ကျောပုိးအိတ်ကုိ ချွတ်ပြီး ခုံပေါ်တင်နေစဥ်မှာပင် မိမိနာမည်ကုိ ခေါ်သံကြားလိုက်ရသည်မို့ အသံလာရာသို့ ခေါင်းကုိ ချာခနဲလှည့်ကာ ရှာလိုက်မိလေ၏။

"အော်..ရွှေချည်"

"တစ်ယောက်တည်းလား သက်တိုင် ၊ ငါနဲ့လာထိုင်လေ"

ရွှေချည်၏စကားကြောင့် သက်တိုင်တစ်ယောက် အင်းမလုပ် အဲမလုပ် ဖြစ်နေလေပြီ။

"ဟုိ...ဟုိ ငါတစ်ယောက်တည်း မဟုတ်ဘူး ၊ ယုဒါလည်းပါတယ်၊ အနောက်မှာ စက်ဘီးကုိ သော့ခတ်နေလို့"

ထိုသို့ပြောပြီးသည်နှင့် သက်တိုင်က လွယ်အိတ်ကို ပြန်ကောက်လွယ်လိုက်လေတော့သည်။ ပြီးနောက် ခပ်လှမ်းလှမ်းမျက်စောင်းထိုးတွင်ရှိသော
ရွှေချည်နွယ်ဟူသော ကောင်မလေးထံသို့ ခြေလှမ်းများကုိ ဦးတည်ရန် ဟန်ပြင်စဥ်မှာပင်

"ဟိုကောင် ဒါက ဘယ်လဲ"

ဟူသော ခပ်ဆတ်ဆတ်မေးသံက မရှေးမနှောင်းထွက်ပေါ်လာတော့လေသည်။

စက်ဘီးသော့ကုိ ကုိင်ကာ စာကြည့်တိုက်ထဲ လှမ်းဝင်လာသော မိုင်ယုဒါ၏မေးခွန်းထုတ်သံကြောင့် သက်တုိင်က ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။

"ယုဒါ နင်လည်း ဒီမှာလာထုိင်လေ၊ သက်တိုင်ကို ငါလှမ်းခေါ်လိုက်လို့ "

ဂုတ်ထောက်ဆံပင်အတိုဖောင်းဖောင်းလေးနှင့် ဖြူဖြူနုနုဖပ်ဖပ် ချစ်စရာကောင်မလေး ရွှေချည်နွယ်၏ စကားကြောင့် ယုဒါက သက်တိုင်ကို
ပေစောင်းစောင်း တချက်လှမ်းကြည့်လိုက်ကာ

"တစ်လမ်းလုံး ငါ့ကို ပွစိပွစိပြောပြီး ပေါက်ပေါက်ဖောက်လာတာ မင်းနော်
သက်တိုင်၊ ကုိယ့်အကြောင်းကုိယ်သိ"

ဟု လေသံမာမာဖြင့် ပြောလိုက်ပြီး ထိုင်နေကြ နေရာတွင် ဝင်ထိုင်လိုက်လေ၏။ ပြီးနောက် လွယ်အိတ်ထဲမှ စာအုပ်တချို့ကို ထုတ်၍ ထိုင်နေရာမှထကာ စာကြည့်တိုက်မှူးထံသို့ လျှောက်သွားလိုက်ပြီး ငှားထားသည့်စာအုပ်များကုိ ပြန်အပ်နေလေတော့သည်။
ထို့နောက် ယုဒါက စာအုပ်စင်မှ ဖတ်ချင်သည့်စာအုပ်တစ်အုပ်ကို ဆွဲယူလာကာ ထိုင်ခုံနေရာသို့ ပြန်လျှောက်လာသည့်သည့်တိုင်အောင် ထိုနေရာတွင် သက်တိုင်တစ်ယောက် ဘာလုပ်ရမှန်းမသိ မတ်တတ်ရပ်မိနေဆဲ။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now