HF - 6

2.4K 329 36
                                    

လူအနည်းငယ်ရှင်းပြီး တိတ်ဆိတ်နေသော နေရာတစ်ခု။ အေးစိမ့်စိမ့် အငွေ့အသက်တို့လွှမ်းခြုံနေပြီး သာယာငြိမ့်ညောင်းသော သီချင်းသံ သဲ့သဲ့မှ လွဲ၍ မည်သည့်ဆူညံသံဟူ၍ တစ်စုံတစ်ရာ
မကြားရ။ လူ လေးငါး ဆယ်ယောက်လောက်
ဆိုင်အတွင်းတွင် ရှိသော်လည်း ကျယ်လောင်သော စကားပြောသံတို့ ကင်းမဲ့လျက်။ ယုဒါပြောသည့် တီးဆိုင် ကောင်းကောင်းဆိုတာ ဒါမျိုးလား။

သက်တိုင်တစ်ယောက် Triple-H Tea Shop ထဲသို့ ယုဒါနှင့်အတူ ဝင်လာပြီးနောက် ဆိုင်ပတ်ချာလည်ကုိ အထူးအဆန်းသဖွယ်လိုက်ကြည့်၍ နေလေတော့သည်။ ယုဒါကတော့ အနောက်ခပ်လှမ်းလှမ်းတွင်ရှိသော ကောင်တာဆီသို့ သွားကာ တစ်စုံတစ်ခုကုိ မှာနေဟန်တူသည်။ နံရံတွင် ကပ်ထားသော မီနူးကုိ လက်ညိုးထိုးလိုက် ကောင်တာပေါ်မှ မီနူးကတ်ကုိ ကြည့်လိုက်ဖြင့်။

သက်တိုင်ကတော့ နီးစပ်ရာ ဝိုင်းတစ်ဝိုင်းတွင် ဝင်ထိုင်ကာ ဟိုကြည့် ဒီကြည့်ဖြင့် ယုဒါအလာကုိ မျှော်နေလေတော့သည်။

သိပ်မကြာခင်မှာပဲ ယုဒါက သက်တိုင်ထိုင်နေသော စားပွဲဝိုင်းသို့ ရောက်လာကာ

"သားကြီး ထ၊ အပေါ်ထပ်ကုိသွားမယ်"

"ဟမ် ဘယ်အပေါ်ကုိလဲ"

"ဆိုင် အပေါ်ထပ်ကိုလေ၊ အဲ့ဒီ့မှာ ပုိတိတ်ဆိတ်ပြီး View ကောင်းတယ်၊ လာစမ်းပါကွာ ၊ ငါထိုင်နေကြနေရာရှိတယ်"

ပြောပြောဆိုဆုိ ယုဒါက သူထိုင်နေကြ နေရာရှိသည်ဟု ဆိုကာ ဆိုင်၏ညာဖက်ထောင့် နံရံတွင်ရှိသော လှေကားမှတဆင့် အပေါ်ထပ်သို့ ပြေးတက်သွားလေတော့ သက်တိုင်လည်း အနောက်မှ အပြေးလိုက်ခဲ့ရလေသည်။
အမြဲလိုလို တပူးတပူးတတွဲတွဲ နေလာခဲ့ကြသည့် နှစ်တွေ များနေပြီဖြစ်သော်လည်း ယုဒါထိုင်နေကြဟူသော ဤနေရာကို သက်တိုင်တစ်ခါမျှ မရောက်ဖူးချေ။

နှစ်ယောက်သား အတူတူထိုင်နေကြ
နေရာဆို၍ စာကြည့်တိုက်နှင့် လမ်းထိပ်မှ အအေးဆိုင်သာရှိသည်။ အဝေရာလမ်းထိပ်မှလက်ဖက်ရည်ဆိုင်
ဆိုတာကလည်း နှစ်ဦးသဘောမတူသော ဆိုင်နေရာ။ ထို့ကြောင့် ယခုလို ယုဒါထိုင်နေကြနေရာရှိသေးသည်ဆိုတော့ သက်တိုင် အံ့ဩနေသည်မှာ မထူးဆန်းတော့။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now