HF - 3

3.3K 379 32
                                    

တိတ်ဆိတ်ခြင်းရဲ့အခြားတစ်ဖက်မှာ ဆူညံခြင်းတွေရှိတတ်တယ်ဆိုတာ နာကျင်စွာ နှုတ်ပိတ်နေခဲ့ဖူးတဲ့သူတွေပဲ ခံစားဖူးတာ.....။
............................................................................

"ယုဒါရေ တံခါးလာဖွင့်ပေးအုံး"

သော့ဂလောက်ကိုကိုင်ပြီး သံပန်းတံခါးဖြင့် လေးငါးချက်လောက် ပွတ်တုိက်ထုရုိက်ကာ အသံတစာစာဖြင့် အော်ခေါ်နေသော သက်တိုင်၏အသံက သိပ်ကုိတက်ကြွလွန်းစွာ။ ထို့အပြင် လေလေးတောင် တချွန်ချွန်ဖြင့်။

"ဟဲ့ ဘယ်လိုဖြစ်လို့ အဲ့လောက်ဆူညံနေတာလဲ၊
ဘေးအခန်းတွေကို အားနာအုံးလေ"

သက်တိုင်ကုိ အပြစ်တင်သလိုလေသံဖြင့် ပိတ်ေဟာက်လိုက်ပြီး အိမ်သော့ကုိ တံခါးကြားထဲမှ လှမ်းပေးလိုက်သူက ဘွားခင်။

"ယုဒါရော ဘွား၊ ပြန်သွားပြီလား"

"မပြန်သေးဘူး၊ အဲ့ကလေးနေမကောင်းဘူးလား မသိဘူး၊ ပြန်လာတုန်းကလည်း နှာခေါင်းသွေးတွေလျှံလာတာ၊ မျက်နှာကလည်းဖြူဖပ်ဖြူရော်နဲ့၊ စောေစာကတော့ စာထိုင်ဖတ်နေသေးတာ ၊အခုတော့ အခန်းထဲမှာ အိပ်နေတယ်ထင်တယ်"

ဘွားခင်က အကျိုးအကြောင်းပြောပြပြီးသည်နှင့် အထဲသုိ့ ပြန်ဝင်သွားတော့ သက်တိုင်ကလည်း တံခါးသော့ကုိ အလျင်အမြန်ဖွင့်ကာ အထဲသုိ့ ပြေးဝင်လာလုိက်တော့သည်။ ထို့နောက် ယုဒါအိပ်နေသည်ဟူသော အခန်းဆီသို့....။

"ယုဒါ သားကြီး ၊ နေမကောင်းဘူးဆို၊ ဘယ်နားက ဘာြဖစ်လို့လဲ"

ကုတင်ပေါ်တွင် ခွေခွေလေး လှဲနေသော ယုဒါကုိ မြင်သည်နှင့် သက်တုိင်က စိတ်ပူစွာ မေးခွန်းထုတ်လိုက်လေသည်။ ထို့နောက် ကုတင်ပေါ်သို့ ကတမ်းမတန်း တက်လိုက်ကာ ယုဒါ၏နဖူးကို လက်ခမိုး
ဖြင့် အသာစမ်းကြည့်လိုက်တော့သည်။

"ကုိယ်လဲ မပူပါဘူး၊ ဖျားနေတာတော့ မဟုတ်ဘူးထင်တယ်"

သက်တုိင်က ကုိယ်ပဲမေး ကုိယ်ပဲဖြေ လုပ်ကာပြောလိုက်တော့ ယုဒါ၏ မျက်လုံးများက မှေးစက်နေရာမှ ပွင့်လာတော့သည်။ ထို့နောက် သက်တုိင်ကုိ တချက်လှမ်းကြည့့်ကာ

"မင်းကလည်းကွာ ကြာလိုက်တာ၊ ငါ့မှာ ထိုင်စောင့်နေရင်းနဲ့ အိပ်တောင်ငိုက်တယ်"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now