"ငါ ခဏနေရင် အိမ်ပြန်တော့မယ် သက်တိုင်"
ထိုစကားကြောင့် သက်တိုင်က စာရေးစားပွဲရှိ ရှုပ်ပွနေသော စာအုပ်များကို ရှင်းနေရင်းတန်းလန်းမှ ကုတင်အစွန်းတွင် ထိုင်နေေသာ ယုဒါဆီသို့ လှမ်းကြည့်လိုက်လေသည်။
"ဟင် ... ညနေမှ ပြန်ပါလား၊ ငါ လိုက်ပို့ပေးမယ်လေ"
"ရတယ် သက်တိုင်၊ ငါ နေကောင်းနေပါပြီ၊
ကုိယ့်ဘာသာကိုယ် ပြန်လိုက်မယ်"ယုဒါက ငြင်းတော့ သက်တိုင်မျက်နှာက
မကောင်း။ ထို့နောက် နာရီကိုတစ်ချက်လှမ်းကြည့်
လုိက်ကာ"နေပူသေးတယ် ယုဒါရ၊ ညနေ နေအေးမှ ပြန်ပါ"
ရလိုရငြား အကြောင်းပြချက်တစ်ခုပေးကာ
တားကြည့်လိုက်သေးသည်။ သို့သော် ယုဒါက ငြင်းသည်။"ရတယ် သိပ်မပူပါဘူးကွာ၊ ဒီလောက်တော့ ငါခံနိုင်ပါတယ်"
ပြောပြောဆိုဆို ယုဒါက ကိုယ်ပိုင် ပစ္စည်းလေးတွေကို ကျောပုိးအိတ်ထဲသို့ ကောက်ထည့်နေပြီဖြစ်သည်။ သက်တိုင်ကတော့ စားပွဲခုံဘေးက ထိုင်ခုံတွင် စိတ်ရှုပ်နေသည့် ပုံစံဖြင့် ထုိင်ချလိုက်တော့လေသည်။
"ညနေရောက်ဖို့ ဘယ်လောက်မှ မလိုတော့တာကို
ဘာဖြစ်လို့ အခုမှ အသည်းအသန် အိမ်ကုိ ပြန်မလို့လဲ၊ ဘာလဲ အန်တီ ဖုန်းလှမ်းဆက်လို့လား""မဆက်ပါဘူး၊ ငါ့ဟာငါ အိမ်ပြန်ချင်လို့၊ နောက်ပြီး နည်းနည်းလောက်နားချင်လို့"
သက်တိုင်က ယုဒါကို မပြန်ချင်စေသေးသည့်ပုံစံရှိသော်လည်း ယုဒါ၏စကားအဆုံးတွင်တော့ သက်ပြင်းမျှင်းမျှင်းလေးကိုသာ ချလိုက်ရတော့လေသည်။
"အေးပါ ပြန်ချင်လည်း ပြန်ပါ၊ ဒီမှာက မင်းအိမ်လောက်တော့ သက်တောင့်သက်သာ ဘယ်ရှိပါ့မလဲ၊ အခန်းလည်း ကျဥ်းတယ် ၊ မှောင်လည်း မှောင်တယ်၊ နောက်ပြီး အဲယားကွန်းမရှိ ဘာမရှိနဲ့ ပူနေမှာပေါ့"
"အင်း"
ဝန်ခံသလိုလို ၊ ဟုတ်သလိုလိုဖြင့် အင်းတစ်လုံးတည်းနှင့် ပြောလက်စ စကားများကို ရပ်တန့်စေလိုက်သော ယုဒါကြောင့် သက်တိုင်ထံမှ စကားသံတို့ ထပ်၍ မထွက်လာတော့။ အကြည့်များကို လွှဲလိုက်ပြီး ထိုင်နေရာမှ ပြန်ထကာ ရှင်းလက်စ စားပွဲကို ဆက်လက်ရှင်းလင်းနေလေတော့သည်။
YOU ARE READING
Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)
Romanceမဆုံနိုင်တဲ့လမ်းကိုမှ ရွေးချယ်မိခဲ့တဲ့ ကျွန်တော့်ရဲ့ ရာဇဝင်ထဲမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ မိုင်ယုဒါ................................🌟 မှတ်စက်တစ်ခုကို ဗဟိုပြုပြီး ဆန့်ကျင်ဘက် အရပ်သို့ ခရီးရှည် ထွက်သွားတဲ့ မျဥ်းနှစ်ကြောင်းဟာ သံသရာတစ်ကွေ့မှာ...