HF - 11

2K 305 36
                                    

အနည်းငယ်မြူးကြွသော Disco Music အမျိုးအစားကို ခပ်တိုးတိုးလေးဖွင့်ထားပြီး အေးစိမ့်နေသော အခန်းငယ်တစ်ခု။ ကိုယ်နှင့်မရင်းနှီး မကျွမ်းဝင်သော မိန်းကလေးနှစ်ယောက်နှင့်ယောကျာ်းလေးနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေကြသော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုကြ။ ဖုန်းပွတ်သူက ပွတ် ၊ စကားပြောသူကပြော။
စားပွဲထိုးလေးများက တစ်ယောက်ပြီး တစ်ယောက် တံခါးလာခေါက်လိုက်၊ မှာယူထားသော စားကောင်းသောက်ဖွယ်များကို လာချပေးလိုက်
နှင့် အလုပ်ရှုပ်နေလေ၏။

ခဏထိုင်နေဦး ယုဒါ ဟုဆိုကာ ဘယ်ကိုပြန်ထွက်သွားမှန်း မသိသော သက်တိုင်ကို ဘယ်မှာလိုက်ရှာရမှန်း သူမသိပါ။ ရွှေချည်က မင်းမပါလာရင် စိတ်ဆိုးမှာဆိုပြီး အတင်းအကျပ်ခေါ်လာသည်ကတစ်ကြောင်း၊ လွန်ခဲ့သော ရက်များက အားရင်လိုက်ခဲ့မည်ဟု ပြောထားမိသည်က တစ်ကြောင်းမို့
စိတ်မပါတပါဖြင့် လိုက်ခဲ့ရသည်။ အမှန်တော့
နေရထိုင်ရတာ သက်တောင့်သက်သာ ရှိမနေချေ။

၁၅ပေ ပတ်လည်လောက်မျှသာရှိသော မွန်းကျပ်နေသည့်အခန်းငယ်က လူဆယ်ယောက်စာအတွက် Private စားသောက်ခန်း။ ရင်းနှီးနေကြသော မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေဆိုရင် သိပ်ပြဿနာမရှိပေမဲ့ ယခုမှတွေ့ဖူးမြင်ဖူးကြသည့် လူတစ်ယောက်အနေဖြင့်တော့ အဆင်မပြေလှသော အခန်းတစ်ခုပင်။

"ဟိုနှစ်ယောက်က ဘယ်သွားနေတာလဲ၊ အခုထိ ပြန်မလာသေးဘူး"

စိတ်မရှည်သလို ထပြောလိုက်သော မိန်းကလေးက သူထိုင်နေသော ထိုင်ခုံနှင့်မျက်စောင်းထိုးနေရာမှဖြစ်လေသည်။

"နွေးရိပ်နဲ့ အဂ္ဂါ က လိပ်စာမသိလို့ တုိင်ပတ်နေတယ်တဲ့လေ၊ အဲ့ဒါကြောင့် ဟိုနှစ်ယောက်ကထွက်ခေါ်တာ ၊ သူတို့ပါ လမ်းပျောက်နေပြီလား"

"အေးလေ မွေးနေ့ရှင်က အခန်းထဲမရှိဘူး"

"အခန်းထဲရှိစေချင်ရင် စောေစာက နွေးရိပ်ဖုန်းဆက်တုန်းက နင်ထွက်ခေါ်လိုက်ပါလား၊ ယောကျာ်းလေးတွေဖြစ်ပြီး အားကို မကုိးရဘူး"

အပြန်အလှန်ပြောနေကြသော စကားများအရ
သက်တိုင်ဘယ်ကိုသွားသည်ဆိုတာကို သိလိုက်ရ၍ အနည်းငယ်တော့စိတ်အေးသွားရသည်။
သို့သော် စိတ်ကတော့မဖြောင့်။ ထို့အပြင် အသက်ရှုကျပ်နေသလိုလည်းခံစားရသည်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now