HF - 7

2.2K 319 25
                                    

"ယုဒါ မူးလဲလို့တဲ့ သက်တိုင်"

"ဟာ ...ဒီကောင်ကွာ"

ထိုင်နေရာမှ ဝုန်းခနဲ ထကာ ကန်တင်းမ်ထဲမှ
ပြေးထွက်သွားသော သက်တိုင်ကို ရွှေချည်တစ်ယောက် တားချိန်မရလိုက်။ တား၍လည်း ရမည် မထင်။ ယုဒါတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ရောက်သည့်နေရာကနေ ယုဒါရှိရာကို ပြေးတတ်သည့် ဘုန်းသက်တိုင်။ ဒီနေ့လည်း အတန်းချိန်တချို့ လွတ်ပြန်ပြီပေါ့။

မသိမသာ သက်ပြင်းငွေ့ငွေ့လေးကိုသာချလိုက်ပြီး မှာထားသော အစားအသောက်များကုိ စိတ်မပါတပါဖြင့် ခပ်ယူမွှေနှောက်စားလိုက်သော ရွှေချည်နွယ်။ သက်တိုင်၏ ချစ်သူ။

"ဟဲ့ ရွှေချည် ၊ တစ်ယောက်တည်းလား ၊ သက်တိုင်ရော"

အတန်းတူ အခန်းတူ ဖြစ်သော သူငယ်ချင်းမလေး နွေးရိပ်၏ အမေးကုိ ရွှေချည်က ခေါင်းလေးတစ်ချက်သာ ညိတ်ပြလိုက်လေသည်။ အကြောင်းပြချက်ကုိတော့ မပေးမိ။

္"အဲ့ဒါဆိုရင် ငါ ဒီဝိုင်းမှာပဲ ထိုင်လိုက်မယ်နော်၊
ကုိအဂ္ဂါလည်း မရောက်သေးတာနဲ့"

ပြောပြောဆိုဆို ရွှေချည်ထိုင်နေသော စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သော နွေးရိပ်။ ထို့နောက် မျက်နှာချင်းဆိုင်တွင် ရှိနေသော ရွှေချည့်ကုိ
တချက်ပြုံးပြလိုက်သေးသည်။
နွေးရိပ်၏အပြုံးတွေကို အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းကို ပြန်လည်ညိတ်ပြလိုက်သော ရွှေချည်က ပြန်၍ပင် မပြုံးပြနိုင်။
အဝေးတစ်နေရာသို့သာ ငေးလျက်။

စားပွဲဝိုင်းတွင် တစ်ယောက်စာထက်ပိုသော
အစားအသောက်များကုိ မြင်နေရသည့်တိုင်
နွေးရိပ်က မည်ကဲသို့သော မေးခွန်းတစုံတရာမျှမေးမြန်းခြင်းမရှိ။ စာအုပ်တစ်အုပ်ကုိသာ ထုတ်၍ ဖတ်နေလေတော့သည်။

အလိုက်သိခြင်း၊ နားလည်ခြင်းတွေ ဆိုသည်မှာ လုပ်ယူ၍ရသော အရာမဟုတ်၊ သူ့အလိုလိုပေါက်ဖွားလာသော ဆင်ခြင်တုံတရားတွေ။

"ငါ သက်တိုင်ကုိ ဘယ်လို နားလည်ရမလဲ နွေးရိပ်"

အဆက်အစပ်မရှိ မေးခွန်းထုတ်လာသော ရွှေချည်ကြောင့် နွေးရိပ်က စာဖတ်နေရာမှ မျက်လုံးကုိ လှန်၍ ကြည့်လေသည်။ ထို့နောက် မထူးဆန်းသည့် ဟန်ဖြင့် ပြန်လည်မေးခွန်း ထုတ်လိုက်လေ၏။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now