HF - 27

2.1K 306 28
                                    

"ငါ့ကို ဘယ်အချိန်တုန်းက စချစ်သွားတာလဲ
ယုဒါ"

"မမှတ်မိတော့ဘူး"

သက်တိုင်၏ အမေးကို ယုဒါက အရှိကို အရှိတိုင်းဖြေလိုက်တော့ သက်တိုင်၏ မျက်နှာက ရှုံ့မဲ့သွားလေသည်။ ထို့နောက် ကုတင်ဘောင်တွင် ကျောမှီကာလှဲနေသော ယုဒါအနားသို့ တိုးကပ်လိုက်ကာ

"မှတ်မိသလောက်ပြော"

ဟု ပြောတော့ ယုဒါ၏ ပေစောင်းစောင်း အကြည့်များက သက်တိုင်ဆီသို့ ကျရောက်လာကာ

"သက်တိုင် မင်းဟာလေ ၊ စောစောတုန်းကတော့ သေတော့မလို မျက်နှာပေးနဲ့ ၊ အခုကျတော့ သူ
မဟုတ်တဲ့ အတုိင်းပဲ ၊ တော်တော် တတ်လည်းတတ်နိုင်တဲ့ကောင်၊ အမျိုးမျိုးကောင်"

ထိုသို့ ပျစ်ပျစ်နှစ်နှစ်ပြောဆိုနေေသာ ယုဒါကို သက်တိုင်က ငြိမ်သက်စွာငေးကြည့်နေရင်းမှ ဘာဆိုဘာမှ ဝင်မပြောဘဲ နားထောင်နေလေ၏။ ယုဒါဘက်က အသံတိတ်သွားသည့်အခါမှ

"အင်း ဟုတ်တယ် ၊ ငါက မင်းပြောသလို အမျိုးမျိုးကောင်ပါ"

"မင်းကိုယ်မင်း သိရင် ပြီးတာပဲ"

"ငါမေးထားတာ ဖြေဦးလေ၊ ငါ့ကို ဘယ်အချိန်က စပြီး ချစ်မိသွားတာလဲဆိုတာ"

စိတ်လိုလက်ရမေးနေသော သက်တိုင်၏ စကားကြောင့် ယုဒါက ခဏတော့ ငြိမ်ကျသွားသည်။ ပြီးနောက် စကားကိုဆက်သည်။

"မင်း မှတ်မိလား သက်တိုင်၊ ရွှေချည့်ကို
အောင်သူရ ကားတင်ပြေးဖို့ လုပ်တဲ့ညက မင်း အကြီးအကျယ် သောင်းကျန်းတာလေ"

"အင်း မှတ်မိတယ်"

ရွှေချည့်နာမည်ပါလာသော်လည်း နှစ်ယောက်စလုံး၏ မျက်နှာ၌ အခြားအရောင်ရောယှက်မှု တစ်ခုမှရှိမနေပါချေ။

"မင်း လက်လွန်မှာစိုးလို့ အနောက်ကနေ ဝင်ဆွဲရင်း ငါသိလိုက်ရတာတစ်ခုရှိတယ် အဲ့ဒါက ငါ မင်းကို ဘယ်လို နည်းနဲ့မှ အဆုံးအရှုံးမခံနိုင်ဘူးဆိုတာပဲ၊ မင်းတစ်ခုခုဖြစ်သွားမှာကို ငါ့မသိစိတ်ထဲမှာ အရမ်းကြောက်နေခဲ့တာ၊ လူစိတ်ပျောက်တဲ့အထိ မင်းသောင်းကျန်းနေတာကိုတောင် ငါမကြောက်မရွံ့ဝင်ဆွဲခဲ့တာ ၊ ငါမင်းကို ဆုံးရှုံးရမှာကြောက်လို့လေ"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now