HF - 37

2K 253 35
                                    

ဒီဇင်ဘာလ ၃၁ရက်နေ့။

ဘုန်းဆိုသည့် ‌ေရှးဘဝ၏ ကောင်းမှု၊ အတိတ်ကာလ ကောင်းမှု၏ အကျိုးဆက်ဖြင့် သက်ဆုံးထိတိုင် ရှင်သန်ပါစေတော့ ဟူသော ရည်ရွယ်ချက်ဖြင့် ဘုန်းသက်တိုင်ဟု အမည်တွင်စေခဲ့သော ဘွားခင်။

ဒီကနေ့ ဆို လူလားမြောက်ခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ် တိတိရှိခဲ့ပြီ။

သိပ်ချစ်လွန်းသည့်အခါတိုင်း ပုိင်ဆိုင်လိုကြောင်းကို ပြသချင်သည့် စိတ်ဆန္ဒဖြင့် အမည်ခေါ်တွင်စေခဲ့သော မိုင်ယုဒါ တနည်းအားဖြင့်
ကျွနု်၏ယုဒါ။

ဘုန်းသက်တိုင်ထက် ငါးလမျှ ငယ်သော မိုင်ယုဒါသည်လည်း မကြာခင် အသက်၂၀ပြည့်တော့မည်။

သက်တိုင်၏ မွေးနေ့ရောက်လာသည့်အခါတိုင်း

"မင်းကိုချည်းပဲ လက်ဆောင် အရင် ဝယ်ဝယ်ပေးနေရတာပဲ"

ဟု ညည်းတွားတတ်လေသော ယုဒါဟာ ဒီကနေ့မှာတော့ အရမ်းကို တက်ကြွနေလေခဲ့သည်။ မကြာခဏဆိုသလို ဝရန်တာဘက်သို့ ထွက်ထွက်ကြည့်ကာ တစ်စုံတစ်ယောက်၏ အလာကို မျှော်နေသေးသည်။

"ယုဒါ ငြိမ်ငြိမ်နေလေကွာ၊ စောစောကမှ ငါဆေးထိုးပေးထားတာကို"

စိတ်ပူသလို လှမ်း၍ပြောသော အဂ္ဂါက အိမ်ရှေ့ခန်းက ကုလားထိုင်တွင် အခန့်သားထိုင်နေလေ၏။နွေးရိပ်ကတော့ မီးဖိုခန်းထဲတွင် ဘွားခင်
နှင့် တတွတ်တွတ်။ မွေးနေ့ရှင် သက်တိုင်ကတော့
မွေးနေ့ပွဲတွင် ချိတ်ဖို့ ပူဖောင်းကို ကိုယ်ကိုယ်တိုင်မှုတ်နေရလေသည်။

"ငါ မမှုတ်တတ်ဘူး"

ဟူသော အကြောင်းပြချက်ဖြင့် အားနေသူက
ယုဒါကို ပွစိပွစိပြောနေသော အဂ္ဂါတစ်ယောက်သာ။

"အဂ္ဂါ မင်း အားနေတယ် မဟုတ်လား၊ ငါ့ကို တစ်ခုလောက် ကူညီစမ်းပါ"

ဝရန်တာတွင် မတ်တတ်ရပ်ကာ အပြင်ဘက်သို့ ငေးနေရင်းမှ ပြောလာသော ယုဒါ၏စကားကြောင့် အဂ္ဂါက ထိုင်နေရာမှ ထလိုက်ကာ

"ပြောလေ ဘာလုပ်ပေးရမလဲ"

"အောက်ကို ဆင်းပြီး ဦးကျော်ဆီသွားလိုက်၊
ငါ မှာထားတဲ့ ပစ္စည်းလေး သွားယူပေး၊ ဟော ဟိုမှာ ကားကလမ်းထဲ ကွေ့ဝင်လာနေပြီ ...သွား သွားယူလိုက် အဂ္ဂါ"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now