ချစ်ခြင်းမေတ္တာဆိုတာ အရွယ်တစ်ခုကို ရောက်တဲ့အချိန်မှ ပေါက်ဖွားလာတဲ့ အရာ မဟုတ်ပါဘူး။
မွေးကတည်းက ကိုယ်နဲ့အတူတူ ယှဥ်တွဲပြီး ကပ်ညှိတွယ် ပါလာခဲ့တဲ့ အရာတွေပါ။ ချစ်ခြင်းမေတ္တာကို မရဘူး ဆိုတာမျိုး၊ ချစ်ခြင်းမေတ္တာကို မပေးတတ်ဘူး ဆိုတာမျိုးက တကယ်တော့ မရှိပါဘူး။ ထိုချစ်ခြင်းမေတ္တာတွေကို လူတစ်ယောက်ဆီက ရယူဖို့အတွက်နဲ့ အခြားလူတစ်ယောက်ကို ပေးဖို့အတွက် အသုံးမချတတ်ရုံသာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ဘယ်နားမှာ ပါလာသလဲဆိုတာကို ရှာမတွေ့သေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
................."ငါ...အိမ်ပြန်ချင်တယ်"
တိုးလျစွာ ထွက်ပေါ်လာသော အသံဆိုပေမယ့် နားထဲတွင် ဗုံးတစ်လုံးပေါက်သွားသည့်အလား။
ငုံ့ထားသော ခေါင်းကို ချက်ချင်းထောင်မတ်ကာ ဆုပ်ကိုင်ထားသော လက်တွေကို ယောင်ရမ်း လွှတ်ချလိုက်မိသည်အထိ ဆောက်တည်ရာမရ။"သ...သတိရလာပြီလား ယုဒါ"
ယုဒါက ဖြူေဖျာ့ဖျော့နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ မှုိင်းညို့ရီဝေနေသော မျက်ဝန်းတွေနှင့် သူ့မျက်နှာကို ငေးကြည့်နေလေတော့ ရှေ့ဆက်၍ ဘာပြောရမှန်းမသိချေ။ ငိုကြွေးလက်စ မျက်ရည်စ တွေကို သတိရမိတော့ အခြားတစ်ဖက်သို့ လှည့်ကာ လက်မောင်းရင်းဖြင့် ပွတ်သုတ်လိုက်မိသည်။ ထို့နောက် မျက်နှာကို ယုဒါထံသို့ အကြည့်ပြန်ပို့တော့ မမှိတ်မသုန် ငေးကြည့်နေသော မျက်ဝန်းတွေနှင့် ထပ်မံတိုးသည်။ ရင်မဆိုင်ဝံ့သလို အကြည့်လွှဲလိုက်ပြီး ကုတင်ဘေးတွင် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ကာ နောက်ထပ်တစ်ကြိမ် ဆိုဖြစ်သည့် စကားက
"ငါ...တောင်းပန်ပါတယ် ယုဒါ" ..ဟူ၍သာ။
အဆက်အစပ်မရှိ တောင်းပန်စကားဆိုလိုက်သော
သူ့ပုံစံက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လိမ့်မည်။ သို့သော် သူ့ထံတွင် ထိုစကားမျှလွဲ၍ ဘာစကားမှ ပြောစရာမရှိ။"ငါ့ကို အိမ်ပြန်ပို့ပေးပါ ... ငါအိမ်ပြန်မယ်"
မျက်မှောင်နှစ်ဖက်ကို ကျုံ့ကာ လှဲနေရာမှ လူးလဲထနေသော ယုဒါကြောင့် သူ သတိဝင်လာကာ ကုတင်ဘေးတွင် ချက်ချင်းပြန်ထိုင်လိုက်ပြီး ယုဒါ၏ ပုခုံးကို ထိန်းကာ
YOU ARE READING
Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)
Romanceမဆုံနိုင်တဲ့လမ်းကိုမှ ရွေးချယ်မိခဲ့တဲ့ ကျွန်တော့်ရဲ့ ရာဇဝင်ထဲမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ မိုင်ယုဒါ................................🌟 မှတ်စက်တစ်ခုကို ဗဟိုပြုပြီး ဆန့်ကျင်ဘက် အရပ်သို့ ခရီးရှည် ထွက်သွားတဲ့ မျဥ်းနှစ်ကြောင်းဟာ သံသရာတစ်ကွေ့မှာ...