HF - 14

2K 306 31
                                    

"သက်တုိင်ရေ၊ သက်တိုင်
ဘုန်းသက်တိုင်၊ ကာလ နဂါးရေ၊ ဘယ်အချိန်ရှိနေပြီလဲ ၊ မထသေးဘူးလား"

နားထဲ ဆိုးရွားစွာတိုးဝင်လာသော အသံက အိပ်ပျော်ခြင်းတရားကို ပျက်စီးသွားစေခဲ့သည်။ အနောက်မှ ကပ်လျက် လိုက်ပါလာသည်ကတော့
ရင်တုန်ခြင်းတရား။

"ဟဲ့....မထသေးဘူးလား၊ တံခါး မြန်မြန်လာဖွင့်စမ်းပါ၊ ငါ့လက်ထဲက အထုတ်တွေက လေးတယ်ဟဲ့"

မထ၍ မရတော့ပါ။ မကြာခင် တစ်လမ်းလုံးကြားသည်အထိ ကျုံးအော်တော့မည့် ဘွား၏အသံကြောင့် ကျိန်းစက်နေသော မျက်လုံးကို ပြူးပြဲဖွင့်ကာ ကုန်းရုန်းထလိုက်ရလေသည်။
ထို့နောက် အိပ်ရာနှင့်အနီးတဝိုက်ကို မျက်လုံးတချက်ဝေ့ကာ ကြည့်လိုက်မိသည်။ မျှော်လင့်ထားသလို မြင်နေ၊ တွေ့နေကျ ပုံရိပ်လေး မရှိနေတော့ ရင်ထဲဟာတာတာ။ သို့သော် ထိုအရာကို လောလောဆယ်မခံစားနေအား။ အိမ်ရှေ့မှ အဆက်မပြတ်အော်ခေါ်နေသော ဘွားထံသို့ အပြေးအလွှား သွားလိုက်ရလေသည်။ စုတ်ဖွားဖွားဆံပင်နှင့် လျေော့တိလျော့ရဲပုဆုိးကို ခါးပုံစကနေ စုစည်းကာကိုင်ပြီး ပြေးထွက်သွားပုံက
ဒေါ်ခင်ခင်ရီ မျက်လုံးထဲ မျက်စိဆံပင်မွှေးစူးပေပြီပေါ့။

"အမလေး သက်တုိင်ရယ်၊ ခေါ်လိုက်ရတာ၊
ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင် အိပ်နေရတာလဲ၊ အချိန်ကိုလည်း ကြည့်ဦး၊ မနက် ၁၁နာရီ ထိုးနေပြီ၊ ရုပ်ကလည်း ဖရုိဖရဲနဲ့၊ ကလေးငါးယောက် အဖေကျနေတာပဲ ၊ဒါလား ဆေးကျောင်းသား"

"ဟာ..ဘွားရယ် ၊ ေတာ်ပါတော့၊ ဘာတွေ လျှောက်ပြောနေတာလဲ"

သော့ဖွင့်၍ပင် မပွင့်သေး။ တရစပ် ဆူပူနေသော ဘွားကို စိတ်ရှုပ်သလိုမျိုး ပြန်ပြောလိုက်ရင်း မျက်နှာကို တင်းထားလိုက်မိသည်။ ဘယ်အချိန်မှ အိပ်ရသလဲဆိုတာကိုလည်း မသိပါဘဲ အမေးအမြန်း မရှိ ပွားနေတာမျိုးတော့ သူမကြိုက်။ ထို့ကြောင့် လေသံကပါ အနည်းငယ်မာသွားလေသည်။

ဒါကို ဘွားကလည်း သဘောပေါက်သည်။ ချက်ချင်းပင် လေသံကို ပြင်လိုက်ကာ

"ပြောလိုက်ရင် ရုပ်က အဲ့ဒီအတုိင်းပဲ၊ ယုဒါလေးဆို
ဘာပြောပြော ၊ ဟုတ်ကဲ့ ဟုတ်ကဲ့နေတာပဲ၊ ဒင်းနဲ့များ တခြားစီ"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now