HF - 33

1.7K 260 8
                                    


အချိန်အားဖြင့် ညရှစ်နာရီလောက်ရှိမည်ထင်။
အဂ္ဂါတစ်ယောက် ရေမိုးချိုး ခေါင်းလျှော်ပြီး
စိုထုိင်းထုိင်းဆံပင်တွေကို ပဝါဖြင့် သုတ်ရင်း တန်းလန်း အိမ်အပေါ်ထပ်သို့ တက်လာစဥ်
ခပ်ဟဟပွင့်နေေသာ ဖခင်ဖြစ်သူ၏ အခန်းအတွင်းမှ လွင့်ပျံလာသော စကားသံ အချို့ကို မရည်ရွယ်ဘဲ ရပ်ကာ နားထောင်မိသွားလေသည်။

"မယု စိတ်ကိုခိုင်ခိုင်ထားနော်"

"ပြောရတာတော့ စိတ်မကောင်းဘူး၊ ဒါပေမဲ့ ပြင်ဆင်ချိန်လေး ရှိအောင်လို့ပါ၊ နောက်ပြီး ဒီကလေးနဲ့ ပတ်သတ်ပြီး မယု ဘယ်လောက်အထိ စိတ်ကို လွှတ်ချထားသလဲဆိုတာ ကျွန်တော်သိပါတယ်၊ အဆင်သင့်ဖြစ်နေပြီလို့လည်း ထင်ပါတယ်"

"ဟုတ်တယ် မယု ၊ ယုဒါ အချိန် သိပ်မကျန်တော့ဘူး"

"တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ခဲ့လို့"

ခပ်သဲ့သဲ့ အသံဆိုပေမယ့် နားထဲကို တိုးဝင်လာသည့် အသံက အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လိုက်သော လေသံကဲ့သို့ပင်။ ခေါင်းသုတ်နေသော ပဝါစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဟန်မဆောင်နိုင်တော့လောက်အောင် ပျက်ယွင်းနေသည့် မျက်နှာနှင့် အဂ္ဂါ ။ အံကိုကြိတ်လိုက်၍ထင်သည်။
မေးရုိးကြောများ တင်းကာသွားသည်။ ထို့နောက်
မူမမှန်သော ခြေလှမ်းတွေဖြင့် မိမိအခန်းရှိရာဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး အခန်းထဲသို့ ဝင်လိုက်ကာ တံခါးကို ပိတ်လိုက်တော့သည်။

ရုတ်တရက် ရှော့ခ်ရသွားရသည်မို့ ရင်ဘတ်ထဲမှ
ဂနာမငြိမ်။ ထို့အတူ မဖြစ်သင့်သေးဘူး ဟူသော အတွေးကြောင့် ခြေဖျားလက်ဖျားတွေ အေးစက်လာကာ အခန်းအလယ်ခေါင် တည့်တည့်တွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေမိပြန်တော့သည်။

"ကလင် ကလင်"

စိတ်နှင့်ကုိယ် လွတ်ထွက်သွားသည်မှာ မည်မျှကြာသွားခဲ့သည်မသိ။ ရုတ်တရက် ဖုန်းဝင်လာသော အသံကြောင့်
ရင်ထဲ ထိတ်လန့်သွားရသည်။ ဒီအချိန်ဆို လာနေကျ ဖုန်းမှန်းသိသော်လည်း ခြေလှမ်းတွေက အားမပါသည်နှယ့်။ ကုတင်ပေါ် ပစ်တင်ထားသော ဖုန်းကို ငုံ့ကာ ကောက်ရင်း နားအနားတွင် ကပ်၍ နားထောင်လိုက်တော့ ကြားနေကျ အသံချိုချိုလေးနှင့် ချစ်ရသူ..

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now