HF - 28

1.9K 282 21
                                    

"ယုဒါ ထပါဦး၊ နေ့လယ်စာ စားရအောင်လေ"

လေသံထွက်ရုံမျှ အသံလေးဖြင့်
ပခုံးသားကို အသာကိုင်လှုပ်ကာ လှုပ်နိုးခံလိုက်ရသည်မို့ ခန္ဓာကိုယ်ကို အနည်းငယ်တော့ လှုပ်ရှားလိုက်မိလေသည်။ သို့သော် လှဲအိပ်နေရာမှ မထဖြစ်။

"ထလေကွာ၊ ဆေးသောက်ဖို့အတွက် အစာဝင်မှ
ရမှာ"

"......."

နှုတ်ဆိတ်နေလိုက်မိသည်။ ထချင်စိတ်လည်း မရှိသလို စကားပြောချင်စိတ်ပါမရှိ။ ပြောသမျှ စကားတိုင်း၊ မျှော်လင့်မိသမျှ အရာတိုင်းဟာ သက်တိုင်အတွက် စိတ် အနှောင့်အယှက်ဖြစ်စရာတွေဖြစ်ခဲ့သလို သူ့အတွက်တော့ ရှက်စရာအတိ။
ချစ်ပါတယ်လို့ အကြိမ်အခါခါပြောပြီး ကတိပေးထားသည့်လူကိုမှ ငါနဲ့ အတူအိပ်ပါလားလို့ ပြောထွက်ရဲခဲ့သည့် ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိသည်။

ဘာလဲ ယုဒါ ၊ မင်းက ပိုင်ဆိုင်ခြင်းကို တံဆိပ်ခတ်နှိပ်ဖို့ကြိုးစားနေတာလား။ သက်တိုင်ဆိုတဲ့ကောင်ကို ရွှေချည်တောင် ပုံသွင်းလို့ မရခဲ့သေးတာပဲလေ။ မင်းက ဘာတွေကိုများ မျှော်လင့်နေသေးတာလဲ။

အသံတိတ် ရင်ထဲမှ စကားတချို့ဆိုရင်း အိပ်ချင်စိတ်မရှိသော မျက်လုံးတွေကို ဇွတ်မှိတ်ထားမိသည်။ ထို့နောက် ပခုံးပေါ်မှ လက်တွေကို
မနှစ်မြို့သလို ဖယ်ချလိုက်မိပြန်သည်။ အလိုက်သိတတ်လွန်းေသာ သက်တုိင်၏ လက်တွေကလည်း ပခုံးကို ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး ခြေလှမ်းတွေကို အနောက်သို့ နည်းနည်း ဆုတ်သွားပုံပေါ်သည်။

မင်းကို ငါမကြိုက်တာတွေ အဲ့ဒါပဲ သက်တိုင်။

"ယုဒါ ၊ အိပ်ချင်နေသေးရင် အိပ်လေ ၊ ငါ အပြင်ကို ခဏသွားစရာလေးရှိလို့ ၊ သိပ်မကြာပါဘူး နေမစောင်းခင် ပြန်လာမှာပါ၊ မင်းစားဖို့အတွက် နေ့လယ်စာရော၊ ဆေးတွေရော အဆင်သင့်ပြင်ထားပေးခဲ့တယ်၊ ထစားလိုက်နော်၊ အကယ်၍ မင်းသက်သာသွားရင် မနက်ဖြန်လောက် အိမ်ကို ပို့ပေးမယ်"

သက်တုိင်၏ စကားကြောင့် သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ ခေါင်းလည်း မညိတ်မိသလို ခေါင်းလည်း မခါဖြစ်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now