HF - 36

1.8K 268 11
                                    

မင်း သိမလား သက်တိုင်။
ငါ့ရဲ့ ရာဇဝင်ထဲမှာတော့ မင်းက အချစ်ဆုံးသူငယ်ချင်းပဲ.....။
ငယ်ငယ်က ရေးခဲ့ဖူးတဲ့ စာစီစာကုံးလေးတွေက သက်သေပေါ့။
............................................................................

"ဟိတ်ကောင် ဘာစားနေတာလဲ နည်းနည်းကျွေး"

"အကုန်စားလိုက်တော့"

"ဟမ်...မင်းမစားတော့ဘူးလား "

"မစားတော့ဘူး ရော့ ၊ ငါမကြိုက်ဘူး"

"အဲ့ဒါနဲ့များ ဖောက်စားနေသေးတယ်"

လက်ထဲမှ မုန့်ထုတ်ကို ဆွဲယူကာ နှုိက်စားလိုက်သလို ပွစိပွစိပြောနေသေးသော သက်တိုင်ကို
ယုဒါက အံ့ဩနေသည့် အကြည့်တွေဖြင့်ကြည့်လေသည်။

"မင်းက ဘယ်လိုကောင်လဲ၊ သူများမုန့်လည်း တောင်းစားသေးတယ် ၊ မာေရကြောရောနဲ့၊ တော်တော် ကျွေးချင်စရာကောင်းတယ်"

"အစကတော့ ကျေးဇူးတင်မလို့ပါပဲ၊ မင်း
မစားတော့ဘူး မကြိုက်ဖူးဆိုလို့ စိတ်ကူးပြောင်းသွားတာ"

"ဩော်"

သက်တိုင်၏ ထော်လော်ကန် ့လန် ့စကားကြောင့် ယုဒါက ဘာမှ ဆက်မပြောတော့ချေ။ ရှူတည်တည်မျက်နှာပေးဖြင့် ကျောက်သင်ပုန်းဘက်သို့သာ မျက်နှာမူထားတော့သည်။ မကြာခင် ရောက်လာတော့မည့် မြန်မာစာ ဆရာမကို သိပ်ကို တွေ့ချင်နေသည့်အလား။ ယုဒါ၏ မျက်နှာပေးကိုလည်း သက်တိုင်က သဘောပေါက်သည်။ ပြောင်စပ်စပ် မျက်နှာပေးဖြင့်

"နောက်ရက်ကျရင်လည်း မစားတဲ့မုန့်ရှိရင်
ကျွေးဦး ဟဲဟဲ"

ဟု စနောက်လိုက်ကာ ယုဒါ၏ပခုံးကို ပစ်တိုက်လိုက်တော့လေသည်။ ထောင်းခနဲ ထွက်သွားသောဒေါသကြောင့် ပြန်ရန်တွေ့မည် အလုပ် အချိန်ကိုက်ဝင်လာသော ဆရာမကြောင့် ယုဒါခမျာ အောင့်သက်သက်ဖြင့် မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်ရတော့သည်။

"ကဲ မနေ့က ထပ်ထားတဲ့ စာစီစာကုံး စာအုပ်တွေ ပြန်ဝေမယ် ၊ ကိုယ့်အမှတ်တွေ ကိုယ်ကြည့်ကြ၊
သုံးမှတ် မကျော်တဲ့သူတွေ ကိုယ့်အခြေအနေ
ကိုယ်သိ "

မြန်မာစာ ဆရာမ၏ အသံကြောင့် အတန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ မော်နီတာ သက်တိုင် လိုက်ဝေပေးသော စာအုပ်ကိုလည်း မျှော်လင့်တကြီး စောင့်နေကြလေသည်။ ထိုအထဲတွင် ယုဒါလည်း အပါအဝင်ဖြစ်သည်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now