HF - 15

2.1K 285 19
                                    

"ဟေ့ ညီလေး ၊ ဒီကို ခဏ"

စားပွဲထိုးလေးကို လက်ထောင်ပြကာ လှမ်းခေါ်လိုက်ပြီး ထောင့်ကျကျ စားပွဲခုံတွင် ထိုင်လိုက်လေသည်။ တနင်္ဂနွေနေ့ဖြစ်၍ လူသူရှင်းလင်းနေသော တရားရုံးနှင့် လက်ဖက်ရည်ဆိုင်။ ဆိုင်အတွင်း၌ စားသုံးသူများမှာ လက်ချိုးရေတွက်၍ရသော ပမာဏမျှလောက်သာ ရှိသောကြောင့် လက်နှီးစုတ်ကလေးကို ခါးကြားထိုးကာ အပြေးလေးရောက်လာသော စားပွဲထိုးလေးကို ကော်ဖီပလိန်းတစ်ခွက်မှာဖြစ်လေသည်။

"တစ်ယောက်တည်းလား အစ်ကို၊ ဟိုအစ်ကုိရော
မပါဘူးလား"

ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော စားပွဲထိုး
ကောင်လေး၏မေးခွန်းကို သူ ပြန်မဖြေဖြစ်။ ဘယ်အစ်ကုိကုိ မေးသလဲ ဆိုတာကုိတော့ ပြောပြနေစရာပင်မလို။ ဤရပ်ကွက်၊ ဤလမ်း၊ ဤဆိုင် အစရှိသော နေရာတွေမှာ စက်ဘီးတစ်စီးနှင့် လှည့်ပတ်သွားလာခဲ့သော သူနှင့်သက်တိုင်တို့၏ ခြေရာများက အခုထိ ရှိနေဆဲမို့။

ဒီဆိုင်တွင်ထိုင်လျှင် အလွန်နားငြီး၍မကြိုက်ဟု အခါခါကြွေးကြော်ထားခဲ့သော သူ ...အခု ဒီနေရာကို မရည်ရွယ်ပါဘဲ ရောက်ရှိလာခဲ့သလို ရွေးချယ်ကာ ထိုင်လိုက်သော စားပွဲဝိုင်းကလည်း သက်တိုင်ထိုင်နေကျနေရာတွင်။ ဘယ်နေရာကုိပဲ သွားသွား
နေရာတစ်နေရာကို တသီးတသန့်သတ်မှတ်ထားကာ ထိုနေရာကို မရရင် ပွစိပွစိလုပ်တတ်သော သက်တိုင်၏အမူအကျင့်တွေက ငယ်ငယ်လေးကတည်းက အခုအချိန်အထိ ပြောင်းမသွား။
လက်ဖက်ရည်ဆိုင်၊ စာကြည့်တိုက်၊ အစရှိသဖြင့်
Public လိုနေရာမျိုးကိုပင် နေရာမက်သေးသည့်ကောင်။ စာသင်ခန်းဆိုရင်တော့ သေချာပေါက်
နေရာလုခဲ့ပြီပေါ့။

သူကိုယ်တိုင် နေရာအလုခံခဲ့ရသူမို့ သက်တိုင်၏အကြောင်းကုိ တပ်အက်သိသည်။ ဝေးဝေးပြေး၍ကြည့်စရာမလို၊ အထူးတလည်ပြန်တွေးနေရာမလို၊ သတိရလွမ်းဆွတ်နေစရာမလို၊ သက်တိုင်နှင့်ပတ်သတ်လာရင် အကြောင်းအရာတွေ အကုန်လုံးဟာ ဦးနှောက်ထဲ အစီအရီထည့်ထားသလိုပင်။
အတင်းအကျပ်ဆွဲထုတ်နေစရာလည်းမလို။ တွေးမိပြီဆိုတာနှင့် အနောက်မှ မီးခိုးကြွက်လျှောက် တန်းစီ၍ ပါလာသလိုမျိုး.....။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Место, где живут истории. Откройте их для себя