HF - 19

2K 301 43
                                    

"Triple-H Tea Shop"

"Open"

မှန်တံခါး အကြည်လေးကို အသာတွန်းဖွင့်ဝင်လိုက်ပြီး မျက်လုံးအရှေ့တည့်တည့်တွင်ရှိနေသော
ကောင်တာရှိရာသို့ လျှောက်သွားလိုက်လေသည်။
မှာနေကျ သောက်နေကျဖြစ်သော လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက်နှင့် ဒိုးနတ်နှစ်ခုကို သွက်လက်စွာ မှာလိုက်ပြီး ခြေလှမ်းတွေက အပေါ်ထပ်သို့ တက်သည့် လှေကားဆီသို့....။ ထို့နောက်
ခပ်ပွပွဖြစ်နေသော စတိုင်ပန်ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ကို ထည့်ကာ သိပ်မများလှသော လှေကားထစ်တွေကို ဖျတ်လတ်စွာ နင်းတက်သွားလိုက်တော့သည်။ အပေါ်ကို ရောက်သည်နှင့် အသားကျနေပြီဖြစ်သော မျက်လုံးတွေက
ညာဖက်ခြမ်းတွင် ရှိနေသော  ပြတင်းပေါက်နှင့်အနီးကပ်ဆုံးစားပွဲဝိုင်းကိုသာ....။

လူမရှိဘဲ ဝုိင်းလွတ်နေသည့်အတွက်ကြောင့် နှစ်ခြိုက်သဘောကျစွာ ပြုံးလိုက်ပြီး ထိုနေရာသို့
သွက်လက်သောခြေလှမ်းများဖြင့် လှမ်းလျှောက်သွားလိုက်တော့သည်။ ထို့နောက် အပြင်ဘက်မြင်ကွင်းကို မျက်နှာလှည့်ထားသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းနှင့် ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်လေ၏။ မျက်လုံးအကြည့်တွေကတော့ တခြားဘယ်နေရာကိုမှ မရောက်တော့ဘဲ
လှမ်းမြင်နေရသည့် အဆောက်အဦးတချို့နှင့် အုပ်စုလိုက်ပျံသန်း အစာတောင်းနေကြသော ခိုငှက်များကိုသာ ငေး၍ကြည့်နေမိတော့သည်။

ဆူညံပွက်လောရိုက်နေသော အဝေရာလမ်းထိပ်က လက်ဖက်ရည်ဆုိင်မှ ကြည့်ရသော မြင်ကွင်းနှင့်
ဒီနေရာမှ ကြည့်ရသော မြင်ကွင်းက မတူ။
သို့သော် နွေးထွေးလုံခြုံသည့်အငွေ့အသက်ကတော့ အတူတူပင်။ အသက်အရွယ်ကြောင့်လား၊ စိတ်ခံစားမှုကြောင့်လား၊ ဘာရယ်ကြောင့်မှန်းတော့မသိ။ ယခုအချိန်တွင် အေးဆေးငြိမ်သက်သော နေရာတွင်သာ နေချင်မိသည်။ ယုဒါသိရင် ပြောဦးမည်...မင်းက အမျိုးမျုိးကောင်ဟူ၍....။

ယုဒါဆိုသည့်နာမည်က အတွေးထဲရောက်လာသည်နှင့် စိတ်ထဲပူပန်မှုက အလိုလိုကြီးစိုးလာပြန်သည်။ နေမှကောင်းရဲ့လား၊ သက်သာရဲ့လား
ဖုန်းဆက်မေးချင်မိသည်။ သို့သော် တားဆီးထားသည့်သူ မရှိပါဘဲ မလုပ်ဖြစ်...စာတစ်စောင်သာ အရဲတင်းကာ ပို့လိုက်မိသည်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now