HF - 21

2K 287 29
                                    

"ဟေ့ကောင် များနေပြီထင်တယ် တော်တော့"

နောက်ဆုံးလက်ကျန်ကို တကျိုက်တည်းမော့ရန် ပြင်လိုက်စဥ် လက်ထဲမှ ဖန်ခွက်ကို လုယူခံလိုက်ရသည်မို့ မှုန်ကုပ်ကုပ်အကြည့်များက နံဘေးမှ အဂ္ဂါထံသို့ ဒိုင်းခနဲရောက်သွားသည်။ ထို့နောက် အမြင်နှစ်ထပ်ဝေဝါးနေသည့်ကြားမှ ဖန်ခွက်ကို မမှီမကမ်းဖြင့် လှမ်းယူရန် ကြိုးစားလိုက်သေးသည်။ သို့သော် အချည်းအနှီး။ ဖျတ်ခနဲ ပြန်ပုတ်ထုတ်လိုက်သော အဂ္ဂါ၏လက်ကြောင့် မူးရစ်ရီဝေနေသော သက်တိုင်၏လက်တစ်ဖက်က လေထဲတွင် ခဏ ရပ်တန့်သွားလေသည်။

"ငါ့ကို ခွက်ပြန်ပေးစမ်းပါ ၊ ဒီမှာ သောက်နေရင်း တန်းလန်းကြီး "

"မင်းရုပ်ကိုလည်း မင်းပြန်ကြည့်ဦး သက်တိုင်၊
ဒီလောက်တောင် အလဲအကွဲဖြစ်အောင် သောက်ရသလား၊ ဟမ် လူမြင်လို့လည်း မကောင်းဘူး၊
တော်တော့ မသောက်နဲ့တော့"

ဂရုဏာဒေါသောဖြင့် ပြောလိုက်သော
အဂ္ဂါ့၏အသံတွေက အနည်းငယ် တင်းမာနေလေ၏။ သို့သော် စိတ်ပူနေသည့်မျက်ဝန်းတွေကတော့ အထင်းသားပင်။

"ဟ အရက်သောက်တာပဲ လူမြင်ကောင်းအောင် သောက်တာမှ မဟုတ်တာ၊ သောက်ချင်လို့သောက်တာလဲလေ ၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ၊ ဘယ်သူမှ ဂရုမစိုက်ဘူး"

အာလေးလျှာလေးဖြင့် ပြောနေသော သက်တိုင် အသံက ပုံမှန်စကားပြောနေကြ အသံထက် ကျယ်လောင်နေသည်မှာတော့ အမှန်ပင်။ ထို့ကြောင့် ဆိုင်အတွင်းမှ ကွက်ကြည့် ကွက်ကြည့် လူတချို့လည်းရှိလေသည်။ ထိုအကြည့်တွေ ဒဏ်ကို မခံနုိင်သူက အဂ္ဂါ ... မျက်နှာတစ်ခုလုံး မသောက်ထားပါဘဲ နီမြန်းလာပါတော့သည်။

"ဟေ့ ညီလေးရေ ဒီဝိုင်းရှင်းမယ်ဟေ့"

"ဟာ ဘာကို ရှင်းမှာလဲ ငါသောက်လို့ မပြီးသေးဘူးလေ ၊ ခဏလေးနေပါဦး၊ မင်းပြန်ချင် ပြန်နှင့်လေကွာ၊ ငါ့ကိုမစောင့်နဲ့တော့"

"ဘယ်လောက်ကျလဲ ညီ ..."

သက်တိုင်က စားပွဲထိုးလေးကို ငွေရှင်းနေသော အဂ္ဂါလက်ကို မူးမူးရူးရူးဖြင့်  လိုက်ဆွဲနေသော်လည်း
အဂ္ဂါကတော့ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေလေ၏။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now