HF - 5

2.5K 336 32
                                    

"ကြာလိုက်တာ ယုဒါရာ ၊ ငါေစာင့်နေတာ နာရီဝက်လောက်ရှိသွားပြီ"

"ငါလည်း လာနေတာပဲလေ"

"မင်းကုိ မနက်ငါးနာရီ အရောက်လို့ ပြောထားတာ မဟုတ်လား၊ ခု ဘယ်အချိန်ရှိနေပြီလဲ၊ အရင်က Right Time ယုဒါလေ၊ အခုတော့ ဘယ်လိုတွေတောင်ဖြစ်နေတာလဲ"

"တစ်ခါလေး နောက်ကျတာပါကွာ မင်းကလည်း၊
ပြောလို့မပြီးတော့ဘူး၊ လာ လာ တက်"

"ငါနင်းမှာ မင်းဖယ်"

"အေးပါကွာ"

ဖယ်ပေးမည်ဟု ပြောတာကုိတောင် မရ။ စက်ဘီးပေါ်မှ ယုဒါကို တွန်းဖယ်လိုက်ပြီး နင်းသူနေရာကို အတင်းလုတက်နေလေသော သက်တိုင်။

"ဖြေးဖြေးလုပ်ပါဟ၊ အောင်စာရင်း ဘုတ်ကြီးက ထွက်မပြေးပါဘူး၊ အချိန်တန်သိရမှာပဲကို အပိုတွေလုပ်လို့"

"လုပ်ရမှာပဲ ဟေ့ကောင်၊ ငါက မင်းလို ဉာဏ်မှ မကောင်းတာ ၊ အဲ့ဒီတော့ မြန်မြန်ပုိသိချင်နေပြီ"

"ဘာဆိုင်လို့လဲ"

ယုဒါ၏အမေးကို သက်တိုင်က မဖြေတော့။ စက်ဘီးကုိသာ အားကုန်သုတ်၍ နင်းတော့သည်။
ငါးနှစ်နီးပါး အနောက်မှ ကပ်ထိုင်လာသည့်သူက
ဒီနေ့မှ စိတ်လိုလက်ရ အရှေ့မှ နင်းနေလေတော့
်အနောက်မှ သက်တောင့်သက်သာ ထိုင်စီးနေသောယုဒါက သဘောကျသလို ပြုံးနေလေ၏။

သက်တိုင်ကတော့ ယုဒါပြုံးသည် မပြုံးသည်ကုိ စိတ်မဝင်စား။ ယခုအချိန်မှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြည့်ရန်သာ စိတ်လောနေလေတော့သည်။

ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေနိုင်သော အတန်းတင် စာမေးပွဲတစ်ခုဆိုလျှင်လည်း မမှား။
ဆယ်တန်းအောင် ဆိုသော စကားစုတစ်စုနှင့်အတူ ဘွဲ့ရ ပညာတတ်ဟူသော ဂုဏ်ပုဒ်ကို ခံယူရရန်
နီးကပ်လာသော အခြေအနေမို့ သက်တိုင်တစ်ယောက် ပုိ၍ စိတ်လှုပ်ရှားနေသည် ဖြစ်မည်။

ယုဒါကတော့ လေလေးတချွန်ချွန်ဖြင့်။

သို့နှင့်......။

မိုင်ယုဒါ။
ထိုနာမည်လေးဘေးမှ အဖအမည်ကုိ အတည်ပြုလိုက်တော့ မှန်ကန်သည်။ သို့ဖြစ်၍ နံဘေးတွင် ရှိနေသော ဘာသာရပ်လေးများကို စေ့စပ်သေချာစွာ ရေတွက် မိလိုက်လေသည်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now