HF - 38

2.5K 275 30
                                    

"ကြိုက်လား"

လက်ဆွဲအိတ်ကလေးထဲမှ လက်ဆောင်ဘူးလေးကို ထုတ်ပေးပြီး မျှော်လင့်တကြီး မေးလိုက်သော ယုဒါ၏ အသံက ရွှင်မြူးလျက်။

"ဘာလေးလဲ"

ဘူးလေးကို ဆွဲယူကာ ယူကြည့်လိုက်သော သက်တိုင်၏ လက်တွေဟာ အားမပါခဲ့သလို စိတ်ဝင်စားမှုလည်း မရှိ။ နီစပ်စပ် မျက်လုံးတွေကို
အတင်းဖြဲကာ ယုဒါစိတ်တိုင်းကျစေဖို့ ဖွင့်ကြည့်လိုက်မိသည်။

နားကြပ်လေး။
အနက်ရောင် စိုတောက်တောက် အရောင်လေးနှင့် လွန်စွာလှပပါသော နားကြပ်လေး။

"ယုဒါရာ..."

သက်တိုင်တစ်ယောက် ဟန်မဆောင်နိုင်တော့။
ယုဒါကို ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်ထားလိုက်တော့လေသည်။

"ငါ ပေးတဲ့ လက်ဆောင်လေးကို အမြဲသိမ်းထားနော် သက်တိုင်၊ နောက်ပြီး မင်း
ပထမဦးဆုံး စ ကုပေးတဲ့ လူနာရဲ့ ရင်ခုန်သံတွေကို ဒီနားကြပ်လေးနဲ့ နားထောင်ပေးနော်"

"ငါ..ငါ့ကို အဲ့ဒီလို စကားမျုိးတွေ မပြောပါနဲ့လား ယုဒါရာ"

"ဘာလို့လဲ သက်တိုင်ရ၊ ငါဘာကိုမှ မထိန်ချန်ထားချင်တော့ပါဘူး၊ မင်းဆရာဝန်ဖြစ်တဲ့နေ့ မပြောနဲ့ ဘွဲ့ယူတဲ့ အခါကျရင်တောင် ငါရှိနေမှာမှ မဟုတ်တော့တာပဲလေ၊ စိတ်မကောင်းမဖြစ်ပါနဲ့"

သက်တိုင်၏ ကျောပြင်လေးကို ပုတ်ကာ နှစ်သိမ့်စကားဆိုလေသူက မကြာခင် ခရီးရက်ရှည်ကြီးကို ထွက်သွားရတော့မည့် ယုဒါမှ ဟုတ်ပါလေစ။

"ငါ...ငါ မင်းနဲ့ မခွဲနိုင်ဘူး၊
ငါ့ကို မထားသွားပါနဲ့လား.....ငါ...ငါ...မင်းမရှိရင်
မနေတတ်ဘူး ယုဒါ"

"ငါရော နေတတ်လိမ့်မယ်လို့ မင်းထင်နေတာလား၊
အသားတော့ ဘယ်ကျအုံးမှာလဲကွာ၊ ဒီလိုပဲ ရုန်းကန်ရမှာပေါ့၊ မင်းသာ ကျန်းမာရေး ဂရုစိုက်ပြီး နေကောင်းအောင်နေ၊ နောက်ပြီးရင် အရမ်းတော်ပြီး လူတကာ အားကျရတဲ့ အထူးကု ပါရဂူကြီး ဖြစ်အောင်လုပ်...နော်"

"တော်..တော်ပါတော့ ယုဒါရယ်၊ မပြောပါနဲ့တော့
ငါ့ ရင်တွေ ကွဲထွက်တော့မယ်ကွ"

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now