HF - 23

2K 301 43
                                    

နိုးထလာသော မနက်ခင်းတွေ အများကြီးရှိခဲ့ပေမယ့် ဒီမနက်ခင်းဟာ ယခင်နေ့ရက်တွေတုန်းကလို သာယာနာပျော်ဖွယ် မရှိနေတာတော့အမှန်ပင်။
ကြားနေကျ လူသံတွေ၊ ပဲပြုတ်သည်အော်သံတွေ၊
ကလင်ကလင် ဘဲလ်သံတွေ တစ်ခုမှ မကြားရချေ။ စိတ်အာရုံပဲမရ၍လား တကယ်ပဲ မကြားရသည်လားဆိုတာတော့ သူ မသဲကွဲ။ မှောင်ပိန်းနေသည့် အခန်းထဲက အိပ်ရာတစ်ခုပေါ်တွင်ဆိုတာကိုတော့
သတိထားမိသည်။ ဒါဆို မနက်ခင်းမဟုတ်သေးဘူးလား။ ဇဝေဇဝါဖြင့် အိပ်ယာထက်မှ ကုန်းရုန်းထကာ ဖုန်းကိုစမ်းပြီး ယူကြည့်လိုက်တော့ မနက် လေးနာရီခွဲ။

ထိုအချိန်အပိုင်းအခြားတစ်ခုတွင် တစ်ခါမှ တရေးနိုးခြင်းမရှိခဲ့သော သူဖြစ်၍ နေ့တွေ ညတွေ ချက်ချင်းခွဲ၍ မရခဲ့ခြင်းပင်။ စားပွဲပေါ်ရှိ ရေဘူးကို လှမ်းယူကာ ဘူးတဝက်ကျိုးသည်အထိ
မော့ချလိုက်ပြီး ပြန်အိပ်ရန်ကြိုးစားလိုက်လေသည်။ မနက် ခုနှစ်နာရီထိုးပေးထားသည့် alramကုိ စိတ်မချသလို တချက်တော့ ပြန်ကြည့်မိသေးသည်။ အရာအားလုံး ပုံမှန် အတိုင်းဖြစ်နေ၍ စိတ်ချလက်ချဖြင့် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်တော့သည်။
သို့သော်....
အချိန်အတော်ကြာသည်အထိ အိပ်၍မပျော်နိုင်သေးသော လှုပ်စိလှုပ်စိ မျက်လုံးများက အမြင်ကပ်စရာကောင်းလောက်အောင် ဖြစ်နေသည်မို့
လှဲအိပ်နေရာမှ တဖန် ငုတ်တုတ်ထထိုင်မိတော့သည်။ အနှစ်နှစ်အလလတွင်
ခေါင်းချသည်နှင့်အိပ်ပျော်တတ်သည့်သူက ဘယ်အတွက်ကြောင့် ယခုလိုတစ်ရေးနိုးလာပြီး အိပ်စက်ခြင်းအမှုကို ပြန်လည်ပြုလုပ်၍မရသည်လဲ။ အမေးကားရှိ၏ အဖြေမရှိ။

ထို့ကြောင့် အိပ်ရာထက်မှ ဆင်းလာကာ အခန်းအပြင်ဘက်သို့ ထွက်လာလိုက်မိတော့သည်။
အိမ်ရှေ့ခန်း၌ဖွင့်ထားသော ညအိပ်မီး ခပ်မှိန်မှိန်၏အလင်းရောင်အားကိုးဖြင့် အိမ်အပြင်ဘက်သို့ လျှောက်လာကာ ဝရံတာသို့ထွက်ရန် မျက်နှာစာ တံခါးမ ဂျက်ကို ဖွင့်လိုက်လေသည်။ ပြီးနောက် ဝရံတာသို့ထွက်ကာ မတ်တတ်ရပ်လိုက်မိသည်။

အလင်းရောင်မရသေးသော မနက်ခင်း၏လေနုလေအေးလေးတွေက ပါးပြင်ကို ပွတ်တိုက်ကျီစယ်သွားကြသည်မို့ အနည်းငယ်တော့ စိတ်သက်သာရာရလေသည်။ စိတ်သက်သာသည်ဆိုမှ ပြန်တွေးကြည့်မိသည်။ သူဘာကို စိတ်မချမ်းမသာဖြစ်နေခဲ့သည်လဲ။
စိတ်ကူးထဲတွင် ထုတ်လိုက်သော အဖြေအတွက်
နောက်ထပ်တစ်ကြိမ် အဖြေကား မရှိပြန်။

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Donde viven las historias. Descúbrelo ahora