HF - End

6.7K 465 106
                                    

"ဒေါက် ဒေါက်"

တံခါးခေါက်သံနှင့် အတူ အခန်းတံခါးကို ဆွဲဖွင့်
လုိက်သော အသိပေးစကားဆိုလိုက်သော သူနာပြု ဆရာမလေး၏ အသံက ချိုသာစွာ။

"ဒေါက်တာ သက်တုိင် ထမင်းစားချိန်ရောက်ပါပြီ"

"ဟုတ်ကဲ့ ဆရာမ၊ ဒီလူနာလေး ကြည့်ပြီးရင် ကျွန်တော် လာခဲ့ပါမယ်"

"ဟုတ်ကဲ့ပါ"

နှစ်လိုဖွယ်လေးပြုံးပြကာ ထွက်သွားသော သူနာပြုဆရာမလေးကို ပြန်မပြုံးပြဖြစ်။
သို့သော် ကုတင်ပေါ်တွင် ရှိနေသော Patient ကိုတော့ ချိုသာစွာ ပြုံးပြလိုက်မိသည်။
ထို့နောက် နားတွင် တန်းလန်းတပ်ထားလျက် ရှိနေသော နားကြပ်လေးကို ညင်သာစွာ ဆွဲဖြုတ်လိုက်ပြီး နံလေးတွင် ချထားသော ဘူးလေးထဲသို့ အသာအယာပြန်ထည့်ကာ သိမ်းလိုက်လေသည်။

"လူနာက စိုးရိမ်စရာ မရှိပါဘူး ၊ရိုးရိုးဖျားတာပါ၊ အခု သုံးရက်စာဆေးပေးလိုက်မယ်၊ အကယ်၍ သက်သာသွားရင် လာပြစရာမလိုတော့ပါဘူးနော်"

မျက်နှာကို အတတ်နိုင် ပြုံးကာ ကုတင်ဘေးရှိခုံတန်းလျားလေးတွင် ထိုင်နေရာမှ မတ်တတ်
ထရပ်လိုက်လေသည်။ ပြီးနောက် တစ်ဖက်တွင် ကျန်ရှိနေေသးသော လူနာများကို အားတုံ့အားနာ ပုံစံဖြင့်

"ဟုတ်ကဲ့၊ ဒီဘက်က လူနာများ ခဏလောက်
စောင့် ပေးကြပါဦးနော်၊ ကျွန်တော် ထမင်းစားရဦးမှာ မို့လို့ပါ ခင်ဗျ၊ မကြာခင် ပြန်လာခဲ့ပါ့မယ်"

ဟု တောင်းပန်စကား ဆိုလိုက်ပြီး အပေါ်တွင် ထပ်၍ဝတ်ဆင်ထားသော ဂျူတီကုတ်ကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်လိုက်လေသည်။ ပြီးနောက် လက်တစ်ဖက်ကို အိတ်ကပ်တစ်ဖက်ထဲသို့ စမတ်ကျစွာ ထည့်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာလိုက်တော့သည်။

အခန်းအပြင်ဘက်၏ ခြေငါးလှမ်းစာလောက် လှမ်းပြီးသွားသည့် အချိန်တွင်တော့ တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် အခန်းထဲသို့ ပြန်ပြေးဝင်လာလိုက်ကာ နံရံတွင် ချိတ်ထားသော
လည်ဆွဲကဒ်ပြားကို အလျင်စလို ဖြုတ်ယူလိုက်မိသည်။ ပြီးမှ လူနာများရှိရာဘက်သို့ ရယ်ကျဲကျဲ မျက်နှာပေးဖြင့် ပြောလိုက်သည်က

Historical Friend (ရာဇဝင်ထဲက သူငယ်ချင်း)(Completed)Where stories live. Discover now