အပိုင်း ၁

29.4K 1.2K 25
                                    


Unicode Version

အခန်း(၁)။ ကြုံတောင့်ကြုံခဲနွေးထွေးခြင်း

ကျန်းရင်ဟယ်သည်စင်မြင့်ထက်တွင် ထိုင်နေရင်းသူ့ရှေ့မှောက်၌ အချက်အလက်များတင်ပြနေသော တပည့်လေး၏စကားကို နားထောင်နေရင်း သူ၏ လက်များအားဖြေးညှင်းစွာပွတ်သပ်နှိပ်နယ်နေသည်။ သို့ပေတည်း သူ၏အကြည့်မှာမူ အနှီလူငယ်လေး၏စကားလုံးများအပေါ်၌ အာရုံမရှိပါချေ။

အကြင်လူငယ်မှာ စိန်ရိုင်းတုံးတစ်ပွင့်ဖြစ်ပြီး တစ်သက်တာကာလပတ်လုံး၌တစ်ကြိမ်မျှသာဆင်းသက်လာသော ကောင်းကင်ဘုံ၏ သားတော်အစစ်အမှန်ပင်။ သူ၏နံဘေး၌ သက်တောင့်သက်သာဟန်ပန်နှင့် တိတ်တဆိတ်ရှိနေသော ကျန်းမန်ရှစ်ကျုံး(၁) က " ရွှမ်းဝေ(၂) မင်းဘာလို့ ဒီတစ်ယောက်ကိုမရွေးတာလဲ? "

ထိုစကားများကိုကြားပြီးနောက် စင်အောက်ဝန်းကျင်တဝိုက်အား ကြည့်ရှုနေခဲ့သည့်ကျန်းရင်ဟယ်သည် သူ၏မျက်လုံးများအားမှိတ်လိုက်သည်။ သဘောတူညီသည့်ဟန်ပန် တစ်စုံတစ်ရာမပြုခဲ့ချေ။

အနှီလူငယ်လေးသည်ကျန်းရင်ဟယ်၏ စိတ်ဝင်စားခြင်းမခံရကြောင်းတွေ့လိုက်သောအခါ သူ၏ယဥ်ကျေးဝင့်ဝါသောလေသံမှာ ချက်ချင်းပင်လျော့ရဲသွားပြီး ဖြူလျော်ကာ အခြားတစ်ဖက်သို့လျင်မြန်စွာဆုတ်ခွာထွက်သွားလေ၏။ သူ့နောက်ရှိအခြားအရွေးခံမည့်လူများသည် သည် မျှော်လင့်ချက်ဖြင့်သူ့အား အစားထိုးရန် စိတ်အားထက်သန်စွာရှေ့တိုးလာလေ၏။

ဤသည်မှာကျန်းရင်ဟယ် သည်သူ၏တပည့်အဖြစ်ခန့်အပ်ရန်မလိုလားခြင်းမျိုးမဟုတ်ခဲ့ပဲ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့် ကတည်းကသူနှင့်အတူလက်ဆင့်ကမ်းလာခဲ့သည့် “ Little Jiang Shizun System (၃)” ၏စံချိန်စံနှုန်းများနှင့် မည်သူမျှကိုက်ညီပြည့်မှီခြင်းမရှိ၍ သာလျှင်ဖြစ်ပေသည်။  သူသည်ဂေဟာတစ်ခုပြုလုပ်လိုပြီး ထူးချွန်ပါရမီရှိသောကျင့်ကြံသူသုံးဦးကို ​ပျိုးထောင်လိုခြင်းနှင့် သူ၏ကိုယ်ပိုင်စွမ်းပကား အောက်တွင်ထိုကျောင်းသားများ မည်သည့်ပရိယာယ်မျှမသုံးဘဲ အောင်အောင်မြင်မြင်ဖြင့် အမတအကျော်အမော် အဖြစ်သို့တက်လှမ်းစေလိုခြင်းသက်သက်သာ။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now