Part 1 (Z& U)

15.6K 544 15
                                    

မောင့် သက်ဆိုင်သူ က *ကော*

အပိုင်း ၁ (Z&U)

မောင် ဟာ မိန်းမတစ်ယောက်နဲ့ နေ့လယ်စာ စာဖို့အတွက် company က ကန်တင်းမှာ ထိုင်​နေကြတယ်
လူသိများအောင် တမင်ကြံစည်တဲ့ အနှီးမိန်းမက အော့အန်ချင်စရာကောင်းတဲ့ မာယာတွေနဲ့ မောင့်ကိုပြုစားနေဆဲ ဒါဟာ မောင်ပြန်ရောက်တဲ့ 10 ရက်မြှောက်သောနေ့ပဲဖြစ်တယ်  ပြုံးရယ်ခြင်းမရှိတဲ့ မောင်ရဲ့မျက်နှာဟာ အရင်ကထက်ပိုအေးစက်နေခဲ့တာအမှန်ပါပဲ

မောင်မရှိတဲ့ တစ်နှစ်အတွင်းမှာ ကောက အလဲလဲအပြိုပြို နေရက်တွေနဲ့ပဲ လည်ပတ်နေခဲ့တယ် မကြာခဲ့တဲ့ရက်ကလေးအတွင်း ချစ်ကြိုက်တဲ့ သံယောဇဉ်ဟာ ကောကို လှုပ်မရအောင်တွယ်တာနေဆဲ မောင့်ရဲ့ချစ်ခြင်းတွေက နက်ရှိုင်းခဲ့လိုများလား မောင်ရယ် အခုတော့

မောင်က အတိတ်မေ့နေခဲ့တယ်တဲ့လေ

မောင့်ဘေးနားက သူမဟာလည်း မောင့်ကို မောင်လို့
ခေါ်တယ် မောင်ရေ ကောရင်နာလိုက်ရတာ

ခေါ်တဲ့ နာမ်စားခြင်းတူပေမယ့် မတူညီမှုကို မောင်သိနိုင်ပါဦးမလား မောင်ရယ် ကောတို့ရဲ့ အချစ်က ဒီလိုပဲ ပီးဆုံးသွားခဲ့သည်ပေါ့လေ

မောင့်လက်မောင်းကို တွဲထားတဲ့ ယန်ချင်းလန် ဟာ ကျနော့်ကိုလှည့်ကြည့်ပီး မဲ့ပြုံးပြုံးပြခဲ့တယ် မောင့်တစ်မျက်နှာကြောင့် ဝမ် company မှာ ရှင်သန်နေရတဲ့ ကောအဖြစ်က မောင့်ကို အဝေးက ငေးနေရုံလေးပဲ တတ်နိုင်ပါတယ် လူမသိသူမသိ ကျဆင်းခဲ့တဲ့ မျက်ရည်လေးတွေက ဒီနေ့မှာလည်း ကျောခိုင်းထိုင်နေတဲ့ မောင့်ကိုကြည့်ပီး ပိုးပိုးပေါက်ပေါက် ကျဆင်းသွားခဲ့တယ်

တားဆီးမရပြန်တဲ့ မျက်ရည်တွေကို သန့်စင်ခန်းထဲဝင်လို့ ကျဆင်းခွင့်ပြုရပြန်တယ် နာကျင်လိုက်ရတာ
မောင်ရယ်

စစ်ကျွေး '' အကိုရှောင်း ငိုနေပြန်ပီလား အကိုရယ် ''
ရှောင်ကျန့် '' အင်း ''

စစ်ကျွေး '' ကျွန်တော် ပြောပေးပါ့မယ် boss က အတိတ်မေ့သွားတာမှန်ပေမယ့် အကုန်မှ မဟုတ်တာ boss မကြာခင်သတိရလာမှာပါ ကျွန်တော်ပြော''

မောင့်သက်ဆိုင်သူ က * ကော * Where stories live. Discover now