7 (U/Z)

15.2K 2.4K 68
                                    

7.

(Unicode)

ကျွန်တော့်ချစ်သူနဲ့ကျွန်တော် ဘယ်လိုဆုံတွေ့ခဲ့လဲဆိုရင် အဲ့ဒါက တကယ့်တော့ တိုက်ဆိုင်မှုတစ်ခုပဲဗျ။

ကျွန်တော့်အမှုသည်တစ်ဦးက သူရဲ့ဖောက်ပြန်နေတဲ့ယောကျာ်းကို စုံစမ်းခိုင်းတယ်။ ပြီးတော့ အချက်အလက်တွေကို သူ့ရှေ့နေဆီ ပေးပို့ခိုင်းတယ်။ သူက ကွာရှင်းချင်တာဗျာ။

ဟုတ်ပါတယ်။ အဲဒီရှေ့နေဆိုတာ ကျွန်တော့်
လက်ရှိချစ်သူပါ။

First impression လေးကတော့ မဆိုးပါဘူး။ စေ့စပ်တိကျတဲ့ သာမန်ရှေ့နေလေးတစ်ဦးပေါ့ဗျာ။

ဒါပေမဲ့ သူက အတော်လေးချောသား။ လုံးဝ ကျွန်တော့် type ပဲ။

အချက်အလက်တွေ လွှဲပေးပြီးတော့ ပြန်လာတယ်။ ပြီးတော့ ကျွန်တော်လည်း အဲ့ဒီကိစ္စကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော် ထင်မထားတာ ကျွန်တော့်ရဲ့ နောက်ထပ်အမှုသည်တစ်ဦးက သူ့ရဲ့ဖောက်ပြန်တဲ့ဇနီးသည်ရဲ့ အချက်အလက်တွေကို သူ့ရှေ့နေဆီ လွှဲပြောင်းခိုင်းလိမ့်မယ်ဆိုတာကို‌ပေါ့။ ဟုတ်တာပေါ့၊ အဲဒီ ရှေ့နေဆိုတာ သူပါပဲခင်ဗျာ။

ဒီတစ်ကြိမ်တော့ သူက ကျွန်တော့်ကို စ,ပြီးနှုတ်ဆက်ခဲ့တာ။

တတိယတစ်ခေါက်မှာတော့... အင်း... ကျွန်တော်ပြောပါတယ် တိုက်ဆိုင်တာပါလို့၊ တတိယတစ်ခေါက်ကလည်း ရင်းနှီးပြီးသား ဇာတ်ကြောင်း၊ ရင်းနှီးပြီးသား တူညီတဲ့ ရှေ့နေနဲ့ပေါ့။

ကျွန်တော် သူ့ကို ဒီလိုကွာရှင်းတဲ့အမှုတွေပဲ ကိုင်တာလားလို့ မေးလိုက်တယ်။

သူကလည်း ကျွန်တော်က ဒီလိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ကိစ္စတွေပဲ စုံစမ်းတာလားလို့ ပြန်မေးတယ်။

အဲလိုပြောပြီး သူ ရယ်တာကိုထိန်းမထားနိုင်ဘဲ ကျွန်တော့်ကို လိပ်စာကဒ်လေးပေးခဲ့တယ်။

ကျွန်တော်သူ့ကိုပြောလိုက်တယ် : ငါ့မှာ ကွာရှင်းစရာအမှုကိစ္စမရှိဘူး။

သူက ပြုံးပြီးပြန်ပြောတယ် : မင်းမှာ အမှုကိစ္စမရှိလည်း ကိုယ့်ဆီ ဖုန်းခေါ်လို့ရတယ်။

တကယ်ပြောတာ။ သူပြုံးလိုက်တာ တအား ဆွဲဆောင်မှုရှိပြီး၊ တအားကို ကြည့်လို့ကောင်းတာပဲ။

ဘယ်လိုလုပ်ရမလဲ! အဲဒီအပြုံးလေး စဥ်းစားမိတာနဲ့တင် ကျွန်တော် သူ့ကို ခုန်အုပ်ချင်လာပြီ!

(Zawgyi)

ကြၽန္ေတာ့္ခ်စ္သူနဲ႕ကြၽန္ေတာ္ ဘယ္လိုဆုံေတြ႕ခဲ့လဲဆိုရင္ အဲ့ဒါက တကယ့္ေတာ့ တိုက္ဆိုင္မႈတစ္ခုပဲဗ်။

ကြၽန္ေတာ့္အမႈသည္တစ္ဦးက သူရဲ႕ေဖာက္ျပန္ေနတဲ့ေယာက်ာ္းကို စုံစမ္းခိုင္းတယ္။ ၿပီးေတာ့ အခ်က္အလက္ေတြကို သူ႕ေရွ႕ေနဆီ ေပးပို႔ခိုင္းတယ္။ သူက ကြာရွင္းခ်င္တာဗ်ာ။

ဟုတ္ပါတယ္။ အဲဒီေရွ႕ေနဆိုတာ ကြၽန္ေတာ့္
လက္ရွိခ်စ္သူပါ။

First impression ေလးကေတာ့ မဆိုးပါဘူး။ ေစ့စပ္တိက်တဲ့ သာမန္ေရွ႕ေနေလးတစ္ဦးေပါ့ဗ်ာ။

ဒါေပမဲ့ သူက အေတာ္ေလးေခ်ာသား။ လုံးဝ ကြၽန္ေတာ့္ type ပဲ။

အခ်က္အလက္ေတြ လႊဲေပးၿပီးေတာ့ ျပန္လာတယ္။ ၿပီးေတာ့ ကြၽန္ေတာ္လည္း အဲ့ဒီကိစၥကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ထင္မထားတာ ကြၽန္ေတာ့္ရဲ႕ ေနာက္ထပ္အမႈသည္တစ္ဦးက သူ႕ရဲ႕ေဖာက္ျပန္တဲ့ဇနီးသည္ရဲ႕ အခ်က္အလက္ေတြကို သူ႕ေရွ႕ေနဆီ လႊဲေျပာင္းခိုင္းလိမ့္မယ္ဆိုတာကို‌ေပါ့။ ဟုတ္တာေပါ့၊ အဲဒီ ေရွ႕ေနဆိုတာ သူပါပဲခင္ဗ်ာ။

ဒီတစ္ႀကိမ္ေတာ့ သူက ကြၽန္ေတာ့္ကို စ,ၿပီးႏႈတ္ဆက္ခဲ့တာ။

တတိယတစ္ေခါက္မွာေတာ့... အင္း... ကြၽန္ေတာ္ေျပာပါတယ္ တိုက္ဆိုင္တာပါလို႔၊ တတိယတစ္ေခါက္ကလည္း ရင္းႏွီးၿပီးသား ဇာတ္ေၾကာင္း၊ ရင္းႏွီးၿပီးသား တူညီတဲ့ ေရွ႕ေနနဲ႕ေပါ့။

ကြၽန္ေတာ္ သူ႕ကို ဒီလိုကြာရွင္းတဲ့အမႈေတြပဲ ကိုင္တာလားလို႔ ေမးလိုက္တယ္။

သူကလည္း ကြၽန္ေတာ္က ဒီလိုအိမ္ေထာင္ေရးေဖာက္ျပန္တဲ့ကိစၥေတြပဲ စုံစမ္းတာလားလို႔ ျပန္ေမးတယ္။

အဲလိုေျပာၿပီး သူ ရယ္တာကိုထိန္းမထားနိုင္ဘဲ ကြၽန္ေတာ့္ကို လိပ္စာကဒ္ေလးေပးခဲ့တယ္။

ကြၽန္ေတာ္သူ႕ကိုေျပာလိုက္တယ္ : ငါ့မွာ ကြာရွင္းစရာအမႈကိစၥမရွိဘူး။

သူက ၿပဳံးၿပီးျပန္ေျပာတယ္ : မင္းမွာ အမႈကိစၥမရွိလည္း ကိုယ့္ဆီ ဖုန္းေခၚလို႔ရတယ္။

တကယ္ေျပာတာ။ သူၿပဳံးလိုက္တာ တအား ဆြဲေဆာင္မႈရွိၿပီး၊ တအားကို ၾကည့္လို႔ေကာင္းတာပဲ။

ဘယ္လိုလုပ္ရမလဲ! အဲဒီအၿပဳံးေလး စဥ္းစားမိတာနဲ႕တင္ ကြၽန္ေတာ္ သူ႕ကို ခုန္အုပ္ခ်င္လာၿပီ!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now