37 (U/Z)

11K 1.9K 102
                                    

37.

(Unicode)

ဒီဖြစ်ရပ်ကြီးက နည်းနည်းတော့ ကိုးရိုးကားရားနိုင်တယ်ဗျ။

ကျွန်တော့်ချစ်သူရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကိုကြည့်နေတာ။

ကျွန်တော့်နှလုံးသားလေးလည်း အတော်လေးကိုရှုပ်ထွေးနေပြီ။

ဖြတ်သွားဖြတ်လာပုံစံဟန်ဆောင်ပြီးလှည့်ပြေးဖို့တော်တော်လေးနောက်ကျသွားပြီမဟုတ်လား?

.

ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုဆွဲထူပြီး လွှတ်ပေးပြီး တစ်ဖက်ကိုလှည့်ပြီး ဟိုသေနာကောင်လေးဆီ မြေပြင်ပေါ်ပစ်လဲကျသွားစေတဲ့လက်သီးတစ်လုံးကို အညှာအတာမဲ့ ပစ်သွင်းလိုက်တယ်။

ကျွန်တော့်ချစ်သူ : မင်းမေလိုး ငါ့ကောင်မလေးကို ထိရဲတယ်ပေါ့။

.

ကျွန်တော် ကြောင်အမ်းသွားတယ်။

ဘာရယ်။

ကျွန်တော်ကြောက်လာပြီ၊ ကျွန်တော့်ချစ်သူက အခုပဲဆဲလိုက်တာဗျ၊ သူနဲ့သိတာဒီလောက်ကြာလှပြီ သူတစ်ယောက်ယောက်ကိုဆဲတာ တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ သူ အခု ထိုးတောင်ထိုးလိုက်တယ်၊ ဘုရားရေ သူကျွန်တော့်ချစ်သူမှ ဟုတ်ရဲ့လား၊ ကျွန်တော်နေရာမှားရောက်လာတာတော့မဟုတ်ပါဘူးနော်...

.

ဖာခ့် သူ စောက်ရမ်းလန်းတာပဲ?!!!

ကျွန်တော် သူ့ကို တစ်ဘဝလုံးချစ်သွားမှာ!!!

.

ကျွန်တော့်ချစ်သူနောက်မှာရှိနေတဲ့ သူ့ဘောစ့်နဲ့ အပေါင်းအပါတွေလည်း ကြောင်အမ်းနေကြတယ်။

အဲဒီဘောစ့်က ကျွန်တော့်ကိုကြည့်နေပြီး မျက်နှာပေါ်ကအမူအရာတွေက 'အာာ ငါဒီလူကိုသိသလိုလိုပဲ' ကနေ 'သောက်ကျိုးနည်း ဘယ်လိုကောင်လဲဟ' ပြီးရင် 'ခဏလေး သူဘာလို့မိန်းကလေးအဝတ်တွေဝတ်ထားတာလဲ' ပြီးတော့ 'သားကြောက်တယ် အမေရေ' ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းသွားကြတာ။

တခြားအပေါင်းအပါတွေရဲ့အမူအရာကလည်း သူတို့ရဲ့ဂေါ်ဖီထုပ်လေး ဝက်တူးတာခံလိိုက်ရတဲ့ပုံစံပေါက်နေကြတယ်။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now