59 (U/Z)

10K 1.6K 47
                                    

10.

(Unicode)

ကျွန်တော်အနည်းငယ်ထိတ်လန့်သွားခဲ့တယ်။

သူ့မှာဖြစ်နေတဲ့ဒီကိစ္စတွေအတွက် သူတကယ်ခံစားနေခဲ့ရတာပဲ? ကျွန်တော်သူ့ကိုပစ်ထားတယ်လို့ထင်နေတာလား? ဒါပေမယ့်ကျွန်တော်သူ့ကိုတခါမှလျစ်လျူရှုမထားဘူးလေ!

ကျွန်တော့်အချစ်တွေကိုထုတ်ပြတာမပွင့်လင်းလို့သူဒီလိုဖြစ်နေရတာ။

ကျွန်တော်သူ့ကို မနက်ခင်းအနမ်းလေးပေးပြီး သူ့ကိုချစ်တယ်လို့ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ဘာလို့သူကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေကထူးဆန်းနေတယ်လို့ခံစားနေရတာလဲ?

ကျွန်တော့် နေ့ခင်းတရေးတမောအနားယူနေတဲ့အတောအတွင်း သူရဲ့ရှင်သန်လိုတဲ့ဆန္ဒတွေကိုဘယ်လိုလှုံ့ဆော်ပေးရမလဲဆိုတာအလေးအနက်တွေးတောနေလိုက်တယ်။

အဲ့ဒီအချိန် ကျွန်တော်ခွေးဟောင်သံကြားလိုက်ရတယ်။

ကျွန်တော်တံခါးဖွင့်လိုက်တော့ နေရာအနှံ့မှာ ဖုန်တွေနဲ့ပြည့်နေပြီး သူကဧည့်ခန်းအလယ်ခေါင်မှာရပ်ရင်း မျက်နှာမှာလည်းဖုန်တွေနဲ့ပေပွနေပြီး ခြေထောက်ဆာနေတဲ့ခွေးလေးဟာလည်း အလန့်တကြားထိုးဟောင်နေတယ်။

သူကျွန်တော့်ကို ဖုန်စုပ်စက်ပျက်သွားတဲ့အကြောင်းကို ထိတ်ထိတ်ပြာပြာရှင်းပြတယ်။

ကျွန်တော့်ရဲ့ သန့်ရှင်းသေသပ်တဲ့ဧည့်ခန်းလေးလည်းသွားရှာပြီ၊ ကျွန်တော်ဒေါသမထွက်ပဲနေမလားဗျာ။

သူပြောလိုက်တယ် : မင်းမနိုးခင် ငါတစ်အိမ်လုံးသန့်ရှင်းရေးထားလုပ်မလို့စီစဥ်ထားတာ။

ကျွန်တော် တကယ်ပဲ...

ခနနေပါအုံး.. သူဘယ်တုန်းကမှ သူ့ဖာသာအိမ်သန့်ရှင်းရေးမလုပ်ဖူးဘူးလေ၊ သူဘာလို့...

...ဖြစ်နိုင်တာက သူ့မှာရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပြီး ကျွန်တော်သူ့ကိုထားသွားမှာစိုးရိမ်နေတယ်၊ အဲ့ဒါကြောင့် အိမ်အလုပ်တွေသူတာဝန်ယူလုပ်မယ်လို့စဥ်းစားမိတာနေမှာ?

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now