17 (U/Z)

12.4K 2K 6
                                    

17.

(Unicode)

ကျွန်တော် အမှုတစ်ခုလိုက်ထားပြီးခါစမို့ ဒီရက်ပိုင်းမှာ အလုပ်အသစ်မရှိသေးဘူး။ တနေ့ခင်းလုံး အချိန်ယူပြီး ဘယ်လိုလုပ်ရင် ကျွန်တော့်ရဲ့ အားပေးထောက်ပံ့မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အလိုလိုက်အကြိုက်ဆောင်မှုတွေနဲ့ ဦးစားပေးမှုတွေကို ကျွန်တော့်ချစ်သူ နားလည်သဘောပေါက်မလဲဆိုတာကို တွေးတောနေလိုက်တယ်။

.

ပထမဆုံး​နည်းလမ်းက သူ့အစား အိမ်မှုကိစ္စတွေလုပ်ပေးတာလို့ ထင်မိတယ်။

.

ကျွန်တော့်ချစ်သူ အလုပ်ကခွင့်ယူတိုင်း အိမ်သန့်ရှင်းရေးအကြီးအကျယ်လုပ်လေ့ရှိပေမဲ့ လတ်တလော ခွေးလေး​ရဲ့ကိစ္စကြောင့် မေ့နေပုံရတယ်။ အခု ကျွန်တော့်ချစ်သူ နေ့လယ်ခင်းတရေးတမောအိပ်နေတယ်၊ ဒါကိုအခွင့်ကောင်းယူပြီး အိမ်သန့်ရှင်းရေးကို ကြိုလုပ်ထားရမယ်။

ကျွန်တော့်မှာ အခန်းတွေအများကြီးရှင်းလင်းတာမျိုး အတွေ့အကြုံမရှိပေမဲ့လည်း ကျွန်တော့်ချစ်သူကပဲ အကုန်လုံးတာဝန်ယူလုပ်သွားပြီး ကျွန်တော်က ဘေးကနေ ကူညီပေးရုံလောက်ဆိုရင် ဒါမျိုးကို အထူးတလည် ကူညီသန့်ရှင်းပေးတယ်လို့ ဘယ်လိုလုပ်ခေါ်လို့ရမလဲ! တရားမဝင်ကားပြိုင်မောင်းတာကို ခြေရာခံလိုက်ပြီး လူသုံးဒါဇင်နောက်ကို လိုက်ဖမ်းရတာမျိုးကတောင် ကျွန်တော့်အတွက် အသေးအဖွဲလေးတွေပဲလေ၊ ကြမ်းတိုက်တာလောက်ကတော့ အေးဆေးပဲပေါ့!

.

ဒီဘေဘီလေးရဲ့ ပြောင်မြောက်တဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသဖို့ အချိန်ရောက်ရှိလို့လာပါပြီ!

.

ကျွန်တော့်ချစ်သူ အိပ်ရာနိုးတဲ့အခါ ဖုန်တစက်မှမရှိတဲ့ အိမ်ကိုမြင်ပြီး နှစ်ခြိုက်သဘောကျတဲ့အကြည့်တွေနဲ့ ကျွန်တော့်ဆီလှည့်ကြည့်ပြီး ချီးကျူးလာမှာကို စိတ်ကူးကြည့်လိုက်တယ်။

တအားတွေ တက်ကြွလာပြီ!

(Zawgyi)

ကြၽန္ေတာ္ အမႈတစ္ခုလိုက္ထားၿပီးခါစမို႔ ဒီရက္ပိုင္းမွာ အလုပ္အသစ္မရွိေသးဘူး။ တေန႕ခင္းလုံး အခ်ိန္ယူၿပီး ဘယ္လိုလုပ္ရင္ ကြၽန္ေတာ့္ရဲ႕ အားေပးေထာက္ပံ့မႈေတြ၊ ခ်စ္ျခင္းေမတၱာေတြ၊ အလိုလိုက္အႀကိဳက္ေဆာင္မႈေတြနဲ႕ ဦးစားေပးမႈေတြကို ကြၽန္ေတာ့္ခ်စ္သူ နားလည္သေဘာေပါက္မလဲဆိုတာကို ေတြးေတာေနလိုက္တယ္။

.

ပထမဆုံး​နည္းလမ္းက သူ႕အစား အိမ္မႈကိစၥေတြလုပ္ေပးတာလို႔ ထင္မိတယ္။

.

ကြၽန္ေတာ့္ခ်စ္သူ အလုပ္ကခြင့္ယူတိုင္း အိမ္သန့္ရွင္းေရးအႀကီးအက်ယ္လုပ္ေလ့ရွိေပမဲ့ လတ္တေလာ ေခြးေလး​ရဲ႕ကိစၥေၾကာင့္ ေမ့ေနပုံရတယ္။ အခု ကြၽန္ေတာ့္ခ်စ္သူ ေန႕လယ္ခင္းတေရးတေမာအိပ္ေနတယ္၊ ဒါကိုအခြင့္ေကာင္းယူၿပီး အိမ္သန့္ရွင္းေရးကို ႀကိဳလုပ္ထားရမယ္။

ကြၽန္ေတာ့္မွာ အခန္းေတြအမ်ားႀကီးရွင္းလင္းတာမ်ိဳး အေတြ႕အႀကဳံမရွိေပမဲ့လည္း ကြၽန္ေတာ့္ခ်စ္သူကပဲ အကုန္လုံးတာဝန္ယူလုပ္သြားၿပီး ကြၽန္ေတာ္က ေဘးကေန ကူညီေပး႐ုံေလာက္ဆိုရင္ ဒါမ်ိဳးကို အထူးတလည္ ကူညီသန့္ရွင္းေပးတယ္လို႔ ဘယ္လိုလုပ္ေခၚလို႔ရမလဲ! တရားမဝင္ကားၿပိဳင္ေမာင္းတာကို ေျခရာခံလိုက္ၿပီး လူသုံးဒါဇင္ေနာက္ကို လိုက္ဖမ္းရတာမ်ိဳးကေတာင္ ကြၽန္ေတာ့္အတြက္ အေသးအဖြဲေလးေတြပဲေလ၊ ၾကမ္းတိုက္တာေလာက္ကေတာ့ ေအးေဆးပဲေပါ့!

.

ဒီေဘဘီေလးရဲ႕ ေျပာင္ေျမာက္တဲ့စြမ္းရည္ေတြကို ထုတ္ေဖာ္ျပသဖို႔ အခ်ိန္ေရာက္ရွိလို႔လာပါၿပီ!

.

ကြၽန္ေတာ့္ခ်စ္သူ အိပ္ရာနိုးတဲ့အခါ ဖုန္တစက္မွမရွိတဲ့ အိမ္ကိုျမင္ၿပီး ႏွစ္ၿခိဳက္သေဘာက်တဲ့အၾကည့္ေတြနဲ႕ ကြၽန္ေတာ့္ဆီလွည့္ၾကည့္ၿပီး ခ်ီးက်ဴးလာမွာကို စိတ္ကူးၾကည့္လိုက္တယ္။

တအားေတြ တက္ႂကြလာၿပီ!

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now