68 -End (U/Z)

17.6K 1.6K 23
                                    

19.

(Unicode)

ကျွန်တော်ဒီလိုအထင်လွဲမှုမျိုးတော့လုံးဝမခံနိုင်ဘူးဗျာ။

သူကဘာလို့ကျွန်တော်မစွမ်းဆောင်နိုင်ဘူးလို့ထင်နေရတာလဲ?ကျွန်တော့်အရည်အချင်းတွေသေချာမပြမိလို့လား? ကျွန်တော့်ကိုစ,ပြီးအိပ်ပျော်သွားတာသူလေ! စိတ်မပါတာလည်းသူပဲမဟုတ်ဘူးလား?!

ကျွန်တော်နည်းနည်းလေးမှဆက်မထိန်းနိုင်တော့ဘူး၊ ကျွန်တော့်ဆန္ဒတွေတကယ်ပဲ လွှတ်ချမိတော့မယ်။

.

ကျွန်တော်သူ့ကိုဆေးရုံမြေညီထပ်ကကားပါကင်ကိုဆွဲခေါ်လာခဲ့တယ်။

ကျွန်တော်ဘာတွေဖြစ်နေလည်းဆိုတာအမြန်ရှင်းချင်လှပြီ။

သူကအခုထိသဘောမပေါက်သေးတဲ့အပြင် ကျွန်တော်သူ့ကိုမစွမ်းဆောင်နိုင်ဘူးလားလို့မေးလိုက်တော့ပိုပြီး ရှူးရှူးရှားရှားဖြစ်သွားတယ်။

ကျွန်တော်ကားတံခါးကိုလောခ့်ချပြီးသူ့ကိုထိုင်ခုံမှာဖိထားလိုက်တယ်။

ကျွန်တော်ရုတ်တရက် အများကြီးအလင်းပွင့်သွားတယ်ဗျ။ သူ့လို စိတ်ကူးယဥ်အတွေးများတဲ့သူတွေကိုကိုင်တွယ်ရင် တခါတလေမှာသူ့ပါးစပ်ကိုပိတ်ပေးလိုက်တာအကောင်းဆုံးပဲဆိုတာမျိုးပေါ့။ သူ့ ဦးနှောက်ကိုမထိန်းချုပ်နိုင်ရင်တောင် အနည်းဆုံးတော့သူ့ပါးစပ်ကိုထိန်းချုပ်နိုင်ရမယ်လေ။

------××××------

.

(Zawgyi)




.


ကျွန်တော်ဘာတြွေဖစ်နေလည်းဆိုတာအမြန်ရှင်းချင်လှပြီ။




------××××------

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now