Side Story 6

10.7K 1.4K 6
                                    

6.

(Unicode)

ကျွန်တော့်ချစ်သူရဲ့ဘော့စ်က သူ့ကို ကောင်မလေးခေါ်လာဖို့ပြောတယ်။

ဒါပေမယ့် ကျွန်တော်ကယောကျာ်းကြီးလေဗျာ။

.

ကျွန်တော့်ချစ်သူပြောလိုက်တယ် : အရင်တခါကအဝတ်တွေဝတ်သွားရင်ရော။

နိုး နိုး နိုး! မိန်းကလေးအင်္ကျီတွေဝတ်ဖို့ငြင်းတယ်နော်!!

လေးလက်မမြင့်တဲ့ဒေါက်ကိုထည့်မပြောနဲ့ အင်္ကျီတွေဝတ်ရတာကိုက သက်တောင့်သက်သာမရှိတာ။

ကျွန်တော့်ချစ်သူကကျွန်တော့်အပေါ်ဆိုအမြဲကောင်းရှာတယ်။

သူသဘောတူလိုက်တယ်။

. 

ဘော့စ်က ရက်နဲ့နေရာအတိအကျကိုအကြောင်းကြားလာတယ်။ ဘော့စ်က နိုင်ငံအတွင်းမှာအရင်ပွဲလုပ်ဖို့စီစဥ်ထားတယ်၊ တရားဝင်လက်ထပ်မှတ်ပုံတင်လို့မရပေမယ့်အနည်းဆုံး မိတ်ဆွေအပေါင်းအသင်းတွေရဲ့ချီးမြှောက်မှုတွေနဲ့ သူတို့နှစ်ဦးရဲ့တစ်ဘဝစာအချစ်တွေကိုတိုင်တည်ချင်တယ်လို့​ဆိုတယ်။

ဟင်းးး လုံးဝမနာလိုမဖြစ်ပါဘူးး။

ကျွန်တော်နားမလည်တာက အဲ့ဒီဉာဏ်မရှိတဲ့အမှုသည်ကျွန်တော်နဲ့စကားများပြီး မျက်စိတမှိတ်အတွင်းမှာ ဘယ်လိုများသူ့ပါတနာကိုဖွင့်ပြောပြီးလက်ထပ်ခွင့်တောင်းလိုက်လဲဆိုတာကိုပဲ?

သူစိတ်အပြောင်းအလဲမမြန်လွန်းဘူးလား!

ထင်ထားတဲ့အတိုင်း ည၈နာရီအချစ်ဒရမ်မာဇာတ်လမ်းတွေပဲဦးနှောက်ထဲထည့်ထားတဲ့သူနေမှာ။

.

ကျွန်တော့်နှလုံးသားလေးထဲမှာတော့ဝေဒနာ တွေကုဋေကုဋာလောက်ဖြစ်နေတယ်။

ထို့နောက် ကျွန်တော့်အမှုသည်ကိုဖုန်းခေါ်လိုက်တယ်။

.  

ဖုန်းဝင်သွားပြီးနှစ်စက္ကန့်လောက်မှာ အမှုသည်ကဖုန်းချလိုက်တယ်။

ကျွန်တော်ခေါ်လိုက်တယ်။

သူဖုန်းချလိုက်တယ်။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now